မြိုင်နယ်မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

မြိုင်နယ်မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကွမ်းတောရွာ အရှေ့ဘက်တနေရာမှာ ဂဠုန်ပြောက်ကျားတပ်ဖွဲ့-မြိုင်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီအဖွဲ့ထံက သိရပါတယ်။

မတ်လ ၈ ရက်နေ့ နံနက် ၆ နာရီခန့်ကစတင်ကာ ကန်နီပျူရွာမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကွမ်းတောရွာအရောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ ဆိုပါတယ်။


"သူတို့က အင်အား ခုနှစ်ဆယ်ကျော်နဲ့ စစ်ကြောင်းထိုးလာကြတာ။ ကွမ်းတောရွာအရောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ဝင်လာချိန် ကျနော်တို့ကလည်း ဆင်ထားတဲ့ မိုင်းတွေကို ဆွဲတယ်။ နောက်လက်နက်ကြီးတွေနဲ့ ပြန်ပစ်ရင်း တိုက်ပွဲဖြစ်ခဲ့ကြတာပါ" လို့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့-မြိုင် တာဝန်ခံ ကိုဂျီဝိုင်က ပြောပါတယ်။

တိုက်ပွဲမှာ အင်အားခြင်းမမျှတတာကြောင့် ဂဠုန်ပြောက်ကျားတပ်ဖွဲ့ဝင်များ နောက်ဆုတ်ခဲ့ရပြီး ကားတစီး ဆုံးရှုံးခဲ့ရတယ်လို့ ဆက်လက်ပြောပါတယ်။

ယင်းတိုက်ပွဲဖြစ်ပွားပြီးချိန် ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို လှည်းတွေနဲ့ သယ်ဆောင်သွားခဲ့ကာ အဲဒီညနေပိုင်း ၄ နာရီအချိန်ခန့်မှာ အညာတောကျေးရွာအနားမှာ ဒုတိယအကြိမ် တိုက်ပွဲဆက်လက်ဖြစ်ပွားကာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ လှည်းကိုတော့ မြောင်းထဲမှာ စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10