သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဆောင်းသီးနှံ မတ်ပဲစိုက်ရာသီကာလအတွင်း ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်အတွင်းရှိ မတ်ပဲစိုက် တောင်သူများအနေနဲ့ မတ်ပဲပင်တွေ တဖြည်းဖြည်းဝါလာကာ အပွင့်အသီးမတင်နိုင်တော့ဘဲ ညှိုးခြောက်သွားပြီး ပဲအထွက်နှုန်းလျော့နည်းလာတယ်လို့ မတ်ပဲစိုက်တောင်သူများထံက သိရပါတယ်။
ခရိုင်တွင်းမှာရှိတဲ့ ပြည်၊ ပေါင်းတလည်၊ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်း၊ ဆင်မြီးဆွဲ ပုတီးကုန်းမြို့တွေမှာ အဖြစ်များနေတာဖြစ်တယ်လို့ ဆိုကြပါတယ်။
"လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ဖြစ်နေတာ၊ မှိုသတ်ဆေးဖြန်းတာလည်း မရဘူး။ အပင်တပင်စ နှစ်ပင်စကနေ ဖြစ်တယ်။ တရက်ပြီးတရက် ပိုများလာတယ်။ အဲ့အပင်တွေကိုနှုတ်ပစ်တာမျိုး မီးရှို့တာမျိုးတော့ လုပ်တယ်။ တခင်းလုံးကနေ နောက်ပဲခင်းတွေ ကူးတော့တာပဲ။ တကျိုးမှ နှစ်တင်းသုံးတင်းလောက်ပဲ ရတယ်။ တဧက ဆယ်တင်းလောက်မှ မထွက်ရင် အထွက်နှုန်းကျတော့ တောင်သူက ရှုံးတာပဲ" လို့ ပေါင်းတည်မြို့နယ် တောင်သူတဦး ကပြောပါတယ်။
မတ်ပဲစိုက်ပြီး သုံးပတ်သားလောက်တည်းက စုပ်စားပိုးနိုင်တဲ့ဆေးများ ထည့်ဖြန်းရပြီး ပင်ဝါတာက ရောဂါမဟုတ်ဘဲ ပျ၊ ဖြုတ်၊ လှေး၊ ယင်ဖြူ ပိုးတွေက အပင်ကို စုပ်ယူစားသုံးရာက များလာတော့ ဗိုင်းရပ်စ်ပိုး ဝင်သွားတာလို့ စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်တဦးက ဆိုပါတယ်။