ပေါက်မြို့နယ်ထဲကရွာတွေ စစ်ကြောင်းထိုးခံရလို့ ဒေသခံ၂ဦးသေဆုံး

ပေါက်မြို့နယ်ထဲကရွာတွေ စစ်ကြောင်းထိုးခံရလို့ ဒေသခံ၂ဦးသေဆုံး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကိုမတ်လ ၉ ရက် ဒီမနက် ၈ နာရီကစပြီး စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်စီးခဲ့တယ်လို့ ပေါက်မြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကြောင်းထိုးရာ ကျေးရွာတလျှောက်မှာ ပေါက်မြိုနယ်အရှေ့ပိုင်း အုန်းတောတောင်စုနဲ့ မြောက်စုကို စစ်တပ်အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များကိုမီးရှို့ဖျက်စီးခဲ့သလို လက်နက်ကြီးငယ်တွေနဲ့ပစ်လို့ ထိခိုက်သေဆုံးရှိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"အိမ်တွေလည်းမီးရှို့ခံရတယ်။ အပစ်ခံရလို့သေတဲ့ပြည်သူရှိသလို။ ကျနော်တို့တပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ ဖုန်းတလုံးလည်းပါသွားတယ်"လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်လရောင်က မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲ့ဒီကျေးရွာကပြန်လည်ထွက်ခွာသွားတာမရှိဘဲ၊ တပ်စွဲထားလို့ ရွာနားသွားဖို့မလွယ်ကူတဲ့အတွက် ဒေသခံ ၂၀၀ ကျော်ကို ဘေးလွတ်ရာကို ပြောင်းရွေ့ထားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာပဲ ပေါက်မြို့နယ်ထဲက အုန်းတောရွာ တောင်စုနဲ့ မြောက်စုအပြင်  ညောင်ဝန်းတောင်စုရွာ၊ ညောင်ဝန်းမြောက်စုရွာ၊ ရွာသာကြီးရွာ၊ ဝက်မှီးရွာတွေကိုကိုလည်း စစ်ကြောင်းထိုးခံရတာကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးခဲ့ရပါတယ်။

ပုံစာ- ပေါက်မြို့နယ်အုန်းတောရွာ တောင်စုနှင့် မြောက်စုမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြစဥ်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10