သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအတွင်း လယ်မြေ၊ ယာမြေ၊ မြေနုကျွန်းမြေများမှာ ရာသီအလိုက် သီးနှံမျိုးစုံကို ထွန်ယက်စိုက်ပျိုးလုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးလာတယ်လို့ တောင်သူလယ်သမားတွေဆီက သိရပါတယ်။
လယ်ယာလုပ်ငန်းခွင်တွေဖြစ်တဲ့ ဆေးဖြန်းလုပ်သားခ တရက်လျှင် ယခင်နှစ် ၅၀၀၀ ကျပ်မှ ယခုနှစ်တွင် ၇၀၀၀ ကျပ်၊ ပဲနှုတ်လုပ်သား တရက်လျှင် ယခင်နှစ်က ၅၀၀၀ ကျပ်မှ ယခုနှစ် ၇၅၀၀ ကျပ်၊ ပဲခြွေခ တတင်းလျှင် ယခင်က ၁၂၀၀ ကျပ်၊ ယခုနှစ်တွင် ၂၀၀၀ ကျပ်၊ ပေါင်းလိုက်လုပ်သားခ တရက်လျှင် ယခင်က ၄၅၀၀ကျပ်၊ ယခုနှစ် ၇၀၀၀ ကျပ် ဝန်းကျင်ပေးခေါ်ယူနေရပြီး အဲဒီဈေးနှုန်းမှာ ပျှမ်းမျှနှုန်းသာဖြစ်လို့ ဒေသအလိုက် စားရိတ်အနည်းငယ် ကွာခြားနိုင်တယ်လို့ တောင်သူလယ်သမားတွေက ဆိုပါတယ်။
"စပါး၊ ပဲ၊ ဟင်းသီးဟင်းရွက် ဘာသီးနှံစိုက်စိုက် လူခေါ်ရတာ မလွယ်တော့ဘူး။ အရင်ကဆို လူကြုံနဲ့စကားပါးလိုက်ရင် မနက်အလုပ်ဆင်းတဲ့သူတွေကို ပေါနေတာ။ အခု နှစ်ရက်သုံးရက် ကြိုပြောရတာ တခြားနေရာက လူတွေ လိုက်ခေါ် ရတာတွေတောင် ရှိတယ်။ ရွာတွေမှာက လူငယ် လူလတ်ပိုင်း ယောင်္ကျားရောမိန်းခလေးတွေပါ တခြားမြို့တွေတင် ဘယ်ဟုတ််မလဲဗျ။ ထိုင်း၊ တရုတ်၊ ကိုရီးယား၊ မလေး ထွက်ပြီး အလုပ်လုပ်နေကျတယ်" လို့ ပေါင်းတည်မြို့နယ်ထဲက တောင်သူတဦးက ပြောပါတယ်။