စောကျော်ငြိမ်း

မုံရွာရှိ စစ်ဆေးရေးဂိတ်ကို TLWDF တိုက်ခိုက်၊ MA.3 သေနတ် ၂ လက်ရ

မုံရွာမြို့ပေါ် ခမရ (၁၆) တပ်ရင်းနားမှာ ပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်သားတွေကို ပြောက်ကျားစနစ်နဲ့ မနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး MA.3 အမျိုးစား သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ် လို့ ဆိုပါတယ်။

လက်နက်နဲ့အလင်းဝင်တဲ့ စစ်သားကို ကလေးခရိုင်တပ်ရင်း ၆ က ကျပ်သိန်း ၅၀ ဆုချီးမြှင့်

ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းက အသက် ၂၉ နှစ်အရွယ် တပ်သား လှမျိုးထိုက်ဟာ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ ကျည်ဆံ ၂၄၅ တောင့် လက်ပစ်ဗုံး ၁ လုံးနဲ့အတူ ဇန်နဝါရီ ၃၀ ရက်နေ့က အလင်းဝင်တာလို့ ဆိုပါတယ်။

ပုလဲမှာ စစ်တပ်ကစစ်ကြောင်းထိုးလို့ ပြည်သူတွေ ထွက်ပြေး၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်မှာ အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီနဲ့လိုက်သွားရတဲ့ ပျူစောထီးရွာသားတွေ ထွက်ပြေးလွတ်မြောက်လာ ပုလဲပအဖထံ ခိုလှုံခွင့်တောင်း

"ယင်းမာပင်က စာသင်ကျောင်းမှာ ပိတ်မိနေကြတယ်။ ယာဥ်တန်းကရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတာကြာပြီ။ စစ်တပ်က စားသောက်ဖို့ မလုပ်ပေးနိုင်ကြဘူး။ ဆွေမျိုးတွေခေါ်ရင်လိုက်သွားလို့ရတယ် ပြောထားတော့ ထွက်လာသူတွေဖြစ်တယ်"

ကံမနယ်က အုပ်ချုပ်ရေးမှူးနဲ့ပျူခေါင်းဆောင် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး

"သူ့အိမ်ထဲမှာထိုင်နေတဲ့အချိန် ရှင်းခဲ့တာပါ။ ခေါင်းနဲ့ဝမ်းဗိုက်ကို တချက်စီပစ်ခဲ့တယ်။ နေရာမှာပဲ လဲကျသေသွားတယ် "

၂လကျော်အတွင်း မြောက်ခင်ရန်းရွာက ဒေသခံ ၁၀၀ ကျော်ကို YPDF ရဲဘော်တွေ ကယ်ထုတ်ပေးခဲ့

"ထွက်ပြေးလာသူ ၃၀၀ ဝန်းကျင်ရှိပါတယ်။ အဲ့ဒီထဲက ၁၀၀ ဝန်းကျင်က ကျနော်တို့နဲ့ ဆက်သွယ်လာတာပါ။ ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေများတယ် "

သဲတောမြို့မှာ ပျူ‌စောထီးခေါင်းဆောင်ဆိုသူ သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

"သဲတောက လက်ဖက်ရည်ဆိုင်မှာ ရှင်းခဲ့ပါတယ်။ ခေါင်းပိုင်းကို ၅ ချက် အနီးကပ်ပစ်ခဲ့တာပါ။ နေရာမှာ ပွဲချင်းပြီး သေသွားတယ် "

သေနတ်တွေကိုပြင်ပေးပြီး ကျည်ဆံအလှူခံနေတဲ့ RBDF တပ်ဖွဲ့  (ရုပ်/သံ)

ပျက်စီသွားတဲ့ သေနတ်တလက်ကို ပြန်လည်ပြင်ဆင်ရာမှာ ပစ္စည်ဖိုးနဲ့ပြုပြင်ခအဖြစ် ငွေကြေးသတ်မှတ်ထားတာမျိုးမရှိဘဲ သေနတ်တလက်ပြင်ဆင်စားရိတ်အဖြစ် တပ်ဖွဲ့တွေကကျည်ဆံ ၃၀ တောင့်မှ ကျည်ဆံ ၄၀ တောင့် ပြန်ထောက်ပံ့ပေးကြတယ်လို့ သိရပါတယ်။

ဆောမြို့မရဲစခန်းက တပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

"နာမည်နဲ့အသက်က သူ့ရဲလုံခြုံရေးအရ မဖော်ပြတာပါ။ ဆုငွေပေးဖို့ တင်ပြထားပါတယ်။ သူ့ကို လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားပါတယ်”

ဇီးဖြူကုန်းရွာက ထွက်ပြေးလာသူ ၆ ဦး ပုလဲပအဖထံခိုလှုံလာ

"အရင်က ထွက်ပြေးလာသူတွေနဲ့ ချိတ်ဆက်ထားတဲ့ မိသားစုတွေပါ။ ပြည်သူကိုတော့ ဒုက္ခပေးခဲ့သူ မပါပါဘူး။ လိုအပ်တာတွေ မေးမြန်းပြီး စောင့်ရှောက်ထားပါတယ်"

တန့်ဆည်မှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲချရာ ပြည်သူ ၂ ဦးဒဏ်ရာရ၊ ကုန်ကားတွေပျက်စီး

" အဲ့ဒီလမ်းပိုင်းမှာ တိုက်ပွဲဖြစ်တာ စစ်ကြောင်းထိုးနေတာ မရှိပါဘူး။ ကားဆရာ ၂ ဦး ဒဏ်ရာရတယ်။ အသေအပျောက်တော့ မကြားရသေးဘူး"

ရွှေဘို မြို့လှရွာကို စစ်တပ်က ၂ ကြိမ်မီးရှို့ခဲ့လို့ အိမ်ခြေ ၂၆၀ ကျော်မီးလောင်ပျက်စီး (ရုပ်/သံ)

စစ်သားနဲ့ပျူအင်အား ၇၀ ကျော်နဲ့ ဖေဖော်ဝါရီ ၂ ရက်ညပိုင်းမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၃၈ အိမ် မီးလောင်ကျွမ်းခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းမှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ရာ အိမ်ခြေ ၂၈ အိမ်နဲ့ စုစုပေါင်း ၂၆၆ အိမ် မီးလောင်ဆုံရှုံးပြီး အိမ် ၃၅ လုံးသာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

The Way ရုပ်ရှင်အဖွဲ့နဲ့ ဒေသတော်လှန်ရေးအဖွဲ့တွေပူပေါင်းပြီး စစ်ရှောင်တွေကို ထောက်ပံ့ (ရုပ်/သံ)

စစ်ရှောင်ပြည်သူတွေအတွက် The Way ရုပ်ရှင်အဖွဲ့သားတွေက စစ်ရှောင်အိမ်ထောင်စုတစုကို ဆန် ၃ ပြည်၊ ဆီ ၁ ပိသာနှုန်းဖြင့် အိမ်ထောင်စု ၈၂ စုအတွက် ထောက်ပံ့မှုကို မြောင်လူငယ်ကွန်ရက် YFC ကနေတဆင့် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

တောင်တွင်းကြီးမှာ ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးအပါ ၃ ဦး အသတ်ခံရ

"ပျူခေါင်းဆောင်ညွန့်ဝင်း က နားထင်ကိုမှန်ပြီးတော့ ဦးခေါင်းပွင့်ပြီး သေသွားတယ်။ ကျန်တဲ့ သန်းဝင်းနဲ့ မြင့်ဇော်တို့လည်း ဝမ်းဗိုက်နဲ့ရင်ဘတ်ကို ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ် "

ယင်းမာပင် PDF ကို ပြည်သူတွေရဲ့ ထောက်ပံ့ငွေနဲ့ စစ်ဝတ်တန်ဆာများ ပထမဆုံး တပ်ဆင်ပေး

"တိုက်ပွဲဝင်ချိန်မှာ ကိုယ့်အသက်ကို အကာအကွယ်ပေးနိုင်တဲ့ စစ်ဝတ်တန်ဆာတွေပါ။ ဒါတွေကို ဝတ်ဆင်ထားရတာက ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုရှိစေတယ်။ ပထမဆုံး တပ်ဆင်ပေးတာပါ " လို့ သတင်းတာဝန်ခံ ရဲဘော် ဗလ ကပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10