သပိတ်ကျင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ဒုတပ်ရင်းမှူး ရုပ်အလောင်းကို ဂူသွင်းသင်္ဂြိုဟ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ဒုတပ်ရင်းမှူးရဲ့ ဈာပနကို သူ့မွေးရပ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ရွာတရွာမှာ သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းဆီက သိရပါတယ်။

ကျဆုံးရဲဘော်ဟာ အသက် ၃၆ နှစ်အရွယ် ဒုတပ်ရင်မှူး ရဲဘော်စံသိန်း ဆိုသူဖြစ်ပြီး သြဂုတ် ၂၆ ရက်က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကွင်း ၅၀၀ တိုက်ပွဲမှာကျဆုံးခဲ့တာလို့ တပ်ထောက်တာဝန်ခံ နေမျိုးပဲခူး က ပြောပါတယ်။ 

ရဲဘော်စံသိန်းရဲ့ဈာပနပြုလုပ်ရာမှာ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူတွေ၊ ရဲဘော််ရဲမေတွေ၊ မိသားစုဝင်တွေနဲ့အတူ ဒေသခံပြည်သူတွေက လိုက်ပါပို့ဆောင် သင်္ဂြိုဟ်ခဲ့ကြပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ MOD ဌာန၊ မန္တလေးတိုင်း PDF တပ်ရင်းနဲ့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းတို့ကလည်း ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက ကျဆုံးရဲဘော်အတွက် ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့သလို ကျန်ရစ်သူမိသားစုကို တတ်နိုင်သမျှ ထပ်မံထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #သပိတ်ကျင်း #တိုက်ပွဲ #ကျဆုံး #ဒုတပ်ရင်းမှူး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10