တိုက်ပွဲပြန် ဗျူဟာ ၄၇ ရဲဘော်တွေကို ပြည်သူတွေက ဂုဏ်ပြုကြိုဆို (ရုပ်/သံ)

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရဲစခန်းတိုက်ပွဲနဲ့ ပုလဲနယ် အင်မထီးပျူစောထီစခန်းတိုက်ပွဲမှာ တိုက်ခိုက်ပြီးပြန်လာတဲ့ ဗျူဟာ ၄၇ ကရဲဘော်တွေကို သြဂုတ် ၂၇ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၃၆ တပ်ရင်း၊ မဟူတောင်_ဒေါင်းနီတပ်ခွဲဆီက သိရပါတယ်။

ရှေ့တန်းတိုက်ပွဲက ပြန်လာတဲ့ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်း၊ စံပယ်ပန်း၊ နှင်းဆီပန်းတွေနဲ့ ဝမ်းသာအားရကြိုဆိုကြသလို အချိုရည်၊ မုန့်တွေကိုလည်း ကျွေးမွေးကြိုဆိုခဲ့ကြပါတယ်။

ထင်မှတ်မထားတဲ့ ကြိုဆိုမှုအတွက် တိုက်ခိုက်ရကျိုးနပ်တယ်လို့ မဟူတောင်_ဒေါင်းနီတပ်ခွဲ သတင်းတာဝန်ခံ က ပြောပါတယ်။

ရှေ့တန်းတိုက်ပွဲ ၂ ပွဲမှာတော့ စစ်သားနဲ့ပျူ ၆ ဦးသေဆုံးကာ G 3 သေနတ် ၁ လက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်းတွေဖြစ်တဲ့ ၂၇၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆ စတဲ့တပ်ရင်း ၅ ရင်းပူးပေါင်းပြီး MOD ရဲ့လက်အောက်မှာ ဗျူဟာ ၄၇ အဖြစ်ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပခုက္ခူ #တိုက်ပွဲ #ပုလဲ #ပြည်သူ #ကြိုဆို 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10