သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာအနီး လက်ဖက်ခြံကုန်းပေါ်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Asho Chin Defense Force - ACDF တပ်ဖွဲ့က ဩဂုတ် ၂၆ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၉ ရက် မနက် ၁၁ နာရီခန့်မှာ မင်းဘူး-အမ်းကားလမ်းပေါ်ရှိ လက်ဖက်ခြံနဲ့တုံးကြီးရွာလမ်းဆုံအကြားမှ လင်းတဲကျေးရွာဘက်ကို ကင်းပတ်ထွက်လာတဲ့ အင်အား ၂၀ ခန့်ပါ စစ်ကြောင်းနဲ့ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
" ကင်းထွက်လာတာနဲ့ ရုတ်တရက် တိုက်ပွဲဖြစ်ခဲ့တာပါ။ ကျနော်တို့ရှေ့မှာပဲ စစ်သား ၂ ဦးသေတယ်။" လို့ ACDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက မြေလတ်အသံကို ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ MA 3 သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးစစ်သား ၂ ဦးကို စစ်ကောင်စီတပ်က ဆွဲယူထမ်းပိုးဆုတ်ခွာသွားခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
အခုလိုတိုက်ခိုက်ရာမှာ အရှိုချင်းကာကွယ်ရေးတပ် ACDF၊ လူ့ဘောင်သစ်တပ်မတော် NSA ၊ပြည်သူ့ လွတ်လပ်ရေးတပ်မတော် PIA တို့ပူးပေါင်းတိုက် ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေလုံခြုံရေးအရ သြဂုတ် ၂၆ ရက်နေ့မှ သတင်းထုတ်ပြန်တာလို့ ဆိုပါတယ်။
ပုံစာ - တိုက်ပွဲဖြစ်ပွားရာနေရာနှင့် သိမ်းဆည်းရရှိသည့် သေနတ်ကိုတွေ့စဥ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #ငဖဲ #တိုက်ပွဲ #စစ်တပ်
Share Share Share