ရှေ့တန်းပြန် BLDF ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းများနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းမှာ စစ်ဆင်ရေးတခုဖော်ဆောင်ပြီးပြန်လာတဲ့ PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက သြဂုတ် ၃၁ ရက်နေ့မှာ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF ဆီက သိရပါတယ်။

BLDF ရဲဘော်တွေဟာ မုံရွာခရိုင်အတွင်းမှာ စစ်ဆင်ရေး ၅ ရက်ကြာအောင်ပြုလုပ်ပြီး ပြန်လာချိန်မှာ လမ်းတဝက်မှာရှိတဲ့ပြည်သူတွေက အခုလို ပန်းတွေနဲ့ကြိုဆိုဂုဏ်ပြုခဲ့ကြတာလို့ BLDF စစ်ဒေသ၂၊ ဒုစစ်ရေးတာ၀န်ခံ ရဲဘော် နာရွဲ့ဆွမ် က ပြောပါတယ်။

ဒါ့အပြင် BLDF တပ်ဖွဲ့ ရဲ့စခန်းကို ပြန်ရောက်တဲ့အခါမှာလည်း ပြည်သူတွေထောက်ပံ့ထားတဲ့ ငွေကြေးထဲကနေ ရဲဘော်တွေကို မုန့်ဖိုးအဖြစ် ငွေသားတချို့လည်း ပေးခဲ့တယ်လို့ သိရပါတယ်။

BLDF ဟာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းက မုံရွာ၊ ချောင်းဦး၊ ဆားလင်းကြီး၊ ယင်းမာပင်ခရိုင်အတွင်းက ကနီ ၊ပုလဲ၊ ယင်းမာပင်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တွေမှာ ဒေသခံ PDF တပ်ရင်း/တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးစစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #BLDF #ပြည်သူ #ကြိုဆို 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10