ပြည်သူတွေလှူဒါန်းတဲ့ပိုလျှံငွေဖြင့် စာသင်ဆောင် ၁၀ ခုမြောက်ကို ဆောက်လုပ်ပေး (ရုပ်/သံ)

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ကြားကာလ ပညာသင်ကြားနေတဲ့ ကလေးတွေအတွက် လိုအပ်နေတဲ့ စာသင်ဆောင်တဆောင်ကို သြဂုတ် ၂၇ ရက်မှာ ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

အလယ်တန်းကျောင်းက ကျောင်းသား/သူတွေ နေရာထိုင်ခင်းမလုံလောက်တော့ စာသင်ဆောင် ဆောက်လုပ်ဖို့ အကူအညီတောင်းခံလာတဲ့အတွက် စုဆောင်းထားတဲ့ပိုလျှံငွေနဲ့ ဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"စာသင်သား ကလေးတွေကများလာတယ်။ မြေပြင်မှာလည်း တကယ်လိုအပ်နေလို့ လှူဖြစ်တာပါ။ အလှူရှင်တွေက ပိုလှူကြတာတွေရှိပါတယ်။အဲ့ဒီပိုလျှံငွေတွေထဲက ကျောင်းဆောင်လှူဖြစ်ခဲ့တာပါ" လို့ အညာပစ်တိုင်းထောင်အဖွဲ့ ဦးဆောင်သူ မဖူးပွင့်ဝေ ကပြောပါတယ်။

အဲ့ဒီစာသင်ဆောင်ဟာ အလျားပေ ၄၀၊ အနံ ပေ ၂၀ ရှိပြီး ဓနိမိုးကာ သမံတလင်းခင်းထားပြီး မေလတတိယပတ်အတွင်း စတင်ဆောက်လုပ်ခဲ့ရာ စုစုပေါင်းငွေ ၁၃ သိန်းကျော် ကုန်ကျတယ်လို့ သူမက ဆက်ပြောပါတယ်။

စာသင်ဆောင်မှာ အသုံးပြုထားတာ သစ်သားတိုင်တချို့ကလည်း မီးဘေးသင့်အိမ်များက တိုင်တွေကို ပြုပြင်ပြီး စာသင်ဆောင်အတွက် ပြည်သူတွေကပါဝင်လှူဒါန်းပေးတယ်လို့ သိရပါတယ်။

ကြားကာလပညာသင်ကြားနေတဲ့ အလယ် တန်းကျောင်းမှာ G 1 မှ G 12 အထိ စာသင်နေတဲ့ ကျောင်းသားဦးရေ ၁၀၀၀ နီးပါးရှိပြီး ဆရာ၊ ဆရာမ ၃၀ ဦးနဲ့ စာသင်ကြားနေတယ်လို့ မဖူးပွင့်ဝေ က ပြောပါတယ်။

ယခုဆောက်လုပ်တဲ့ စာသင်ဆောင်ဟာ ၁၀ ဆောင်မြောက်ဖြစ်ပြီး ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်၊ ကနီမြို့ နယ်၊ ဘုတလင်မြို့နယ်၊ ယင်းမာပင်မြို့နယ်တွေမှာလည်း စာသင်ဆောင်များ ဆောက်လုပ်လှူဒါန်းထားတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP 

#မြေလတ်အသံ

#reels #youtubeshort #news #myaelattathan 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10