ကျောက်ရစ်ရဲစခန်း ၄ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးနဲ့ PDF ၁ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်း ၄ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးသလို PDF ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ Royal Brother Defence Force - RBDF အဖွဲ့ဆီက သိရပါတယ်။

ရဲနဲ့စစ်သား အင်အား ၁၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းကို စက်တင်ဘာ ၂ ရက်ကနေ ၅ ရက်အထိ ၄ ရက်တာ တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီက Mi 35 နဲ့ ပစ်ကူပေးခဲ့ရတယ်လို့ RBDF တပ်ဖွဲ့တာဝန်ခံ ကိုရဲကြီးက ပြောပါတယ်။

ဒါ့အပြင် စစ်ကူပေးဖို့အတွက် ရေစကြိုမြို့နယ်ဘက်ကနေ ချင်းတွင်းမြစ်တလျှောက် စက်လှေ ၅ စီးနဲ့ လာတဲ့ စစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ၄ ရက်မြောက်နေ့ စက်တင်ဘာ ၅ ရက် ညနေပိုင်းမှာတော့ စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းပြီး ကုန်းကြောင်းစစ်ကူ၊ ရေကြောင်းစစ်ကူအပြင် လေ​ယာဥ်ပစ်ကူတွေနဲ့ပါ အင်အားသုံးတိုက်ခိုက်ခဲ့တဲ့အတွက် စခန်းကိုမရရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ၄ ရက်တာ ကျောက်ရစ်ရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်သား ၅ ဦးနဲ့ PDF ရဲဘော် ၁ ဦးသေဆုံးပြီး တပ်ဖွဲ့ဝင် ၂၁ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲကို မြင်းခြံခရိုင် အမှတ် ၁ တပ် ရင်း၊ အမှတ် ၃ တပ် ရင်း၊ မြင်းခြံခရိုင် Drone တပ်ဖွဲ့၊ အာဘန် Drone တပ်ဖွဲ့ ၊ ကျေးရွာတပ်ပေါင်းစု မြောင်၊ စစ်ကိုင်းခရိုင် အမှတ် ၄ တပ် ရင်း MSPDF ၊ မြင်းခြံမြို့ နယ် ပကဖ၊ ဗိုလ်စကြာနဲ့မဟာမိတ်အဖွဲ့များ၊ Royal Brother Defence Force RBDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #ကျောက်ရစ်ရဲစခန်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10