စစ်ဆင်ရေးအတွက် တပ်ချိန်းတဲ့ PDF တွေကို ပြည်သူတွေက ဂုဏ်ပြုကြိုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ စစ်ဆင်ရေးကာလ တလကျော်ကြာအပြီး တပ်အချိန်းအပြောင်းလုပ်တဲ့ ရဲဘော်တွေကို လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈၊ ဓားမဆိုင်းတပ်မတော်ဆီက သိရပါတယ်။

အဲ့ဒီရဲဘော်တွေဟာ ယင်းမာပင်ခရိုင်အတွင်းက စစ်ဆင်ရေးတခုမှာပါဝင် တိုက်ခိုက်နေတာဖြစ်ပြီး တပ်အချိန်းအပြောင်းပြုလုပ်ခဲ့ကြစဥ် စက်တင်ဘာ ၅ ရက်မှာ ပြည်သူတွေက အောင်သပြေပန်းများနဲ့ ဝမ်းသာအားရ ကြိုဆိုခဲ့ကြတယ်လို့ ဓားမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်းက ပြောပါတယ်။

ဒါ့အပြင် ရဲဘော်တွေဟာ စစ်ဆင်ရေးပြီးဆုံးတာမျိုးမဟုတ်ဘဲ နေရာအချိန်းအပြောင်း လုပ်တာမျိုးဖြစ်တဲ့အတွက် တပ်ရင်းကိုပြန်ခွင့်မရသေးဘဲ တိုက်ခိုက်ရေးအတွက် ရှေ့တန်းစစ်မြေပြင်ကို ဆက်လက်ထွက်ခွာရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဓားမဆိုင်းတပ်မတော် #ပြည်သူ #ကြိုဆို 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10