စောကျော်ငြိမ်း

မုံရွာမှာ PDF တပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်း ဝင်အစီးခံရလို့ သိန်း ၈၀ ခန့်ဆုံးရှုံး

"ကင်းထောက်တွေရှိတော့ ရဲဘော်တွေ ထိခိုက်တာမရှိခဲ့ပါဘူး။ ထုတ်လုပ်ရေးပိုင်းက ပစ္စည်းတွေနဲ့ အသုံးအဆောင်တွေ၊ အဆောင်တွေ မီးရှို့ခံလိုက်ရတယ်။ သိန်း ၈၀ လောက်ဆုံးရှုံးခဲ့တယ်"

ဂန့်ဂေါမှာ တောင်သူတွေ သွင်းအားစုစားရိတ်မနိုင်လို့ ပဲယင်းအထွက်နှုန်းကျ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်းက ကျေးရွာတွေမှာ ယခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်း ပဲယင်းသီးနှံပေါ်ချိန်မှာ အထွက်နှုန်းလျော့ကျခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ပေါက်ခေါင်းမှာ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

"၂၅ ရက်နေ့တိုက်ပွဲမှာ ဒီကောင်တွေအထိနာပြီး လှည်းကူးရွာမှာ စခန်းချလိုက်တယ်။ အဲ့ဒါကို အလစ်ဝင် တိုက်ခိုက်ခဲ့တာ။ သေတဲ့ကောင်တွေကို တရွတ်တိုက်ဆွဲသွားတယ်။ ၂ ယောက်သေတယ်။ ၂ ယောက်ဒဏ်ရာရတယ်"

ပုလဲမှာ ပအဖခေါင်းဆောင်နေအိမ်အပါ ဒေသခံနေအိမ်တွေကို စစ်ကောင်စီက မီးရှို့ပစ္စည်းယူ

" ကိုဇော်ထက် အိမ်မီးရှို့ခံရတယ်။ တိုက်ခံအိမ်ဆိုတော့ အိမ်အပြင်တော့ မလောင်ခဲ့ဘူး။အိမ်အတွင်းထဲက ပစ္စည်းအားလုံး မီးရှို့ခံလိုက်ရပါတယ်"

တူမီးသေနတ်နဲ့စခဲ့တဲ့ တောင်ညိုနဂါးတပ်ဖွဲ့  လက်နက်ကြီး/ငယ်တွေ ထုတ်လုပ်တိုက်ခိုက်နိုင်ပြီ (ရုပ်/သံ)

တပ်ဖွဲ့စတင်ဖွဲ့စည်းပြီးနောက်မှာတော့ စစ်ကောင်စီကို တူမီးသေနတ်၊ လက်လုပ်နင်းမိုင်းတွေနဲ့စတင်တိုက်ပွဲဝင်ခဲ့ရာမှ ၄.၈ ကျည်နဲ့ပစ်ရတဲ့ တတောင့်ထိုး လက်လုပ်ခါးချိုးသေနတ်တွေ ၈၀ မမ၊ ၆၀ မမ၊ ၅.၅၆ ကျည်သုံး ရိုင်ဖယ်နဲ့ကျည်ဘောက်တွေပါ ထုတ်လုပ်နိုင်နေပြီလို့ တပ်ဖွဲ့တာဝန်ခံကိုဇေယျက ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်းက ကျဆုံးရဲဘော်ရဲ့ရုပ်အလောင်းကို မီးသင်္ဂြိုဟ်

"ကျောင်းတက်နေရင်း ဇာတိမပြန်ဘဲ တော်လှန်ရေးထဲရောက်လာတဲ့ ကျောင်းသားတဦးပါ။ ဝမ်းဗိုက်ကျည်မှန်ပြီးတော့ ရှေ့တန်းမှာကျဆုံးခဲ့ရတယ်။ ရဲဘော်အတွက် ကုသိုလ်ကောင်းမှုလည်း လုပ်မှာပါ"

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး လိုက်ပါလာတဲ့ယာဥ်တန်း မိုင်းဆွဲခံရလို့ ဗိုလ်ကြီး ၁ ဦးသေဆုံး

"တပွိုင့်ကို ရှေ့ထွက်မိုင်းနဲ့ စလစ်မိုင်း ၃ လုံးနဲ့ ၂ ပွိုင့်ခွဲ တိုက်ခိုက်ခဲ့တယ်။ မာစီဒီးကားထဲမှာ အကောင်ကြီးတွေပါတာသိလို့ အဲ့ဒီကားကို ဦးတည်ပြီးဆွဲလိုက်တာပါ။ ၂ ပွင့်ဗိုလ်ကြီး ၁ ယောက်သေတယ်"

စစ်တပ်ဝင်ဖျက်လို့ ရှင်ပြုအလှူပွဲပျက်ပြီး မောင်ရှင်လောင်း သင်္ကန်းမစည်းလိုက်ရ

"စစ်ကြောင်းက အနီးနားရောက်မယ်လို့ ဘယ်ထင်ပါ့မလဲ။ အလှူရှင်မိသားစုတွေအတွက် ပွဲပျက်သွားတော့ စိတ်မကောင်းဖြစ်ကြရတယ်"

စစ်မှုထမ်းဖို့ငြင်းဆန်ပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ ရဲဘော်အသစ် ၅၀ ကျော် MBT အဖွဲ့ဆီရောက်လာ (ရုပ်/သံ)

စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကို ငြင်းဆန်ပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ MBT မြင်းခြံတပ်ဖွဲ့ဆီကို ရဲဘော်အသစ်တွေ ရောက်ရှိနေကြပါတယ်။ အများစုက မန္တလေးတိုင်းထဲက ဖြစ်ပါတယ်။

စစ်မှုထမ်းဖို့ငြင်းဆန်ပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ ရဲဘော်အသစ် ၅၀ ကျော် MBT အဖွဲ့ဆီရောက်လာ (ရုပ်/သံ)

စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကို ငြင်းဆန်ပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ MBT မြင်းခြံတပ်ဖွဲ့ဆီကို ရဲဘော်အသစ်တွေ ရောက်ရှိနေကြပါတယ်။ အများစုက မန္တလေးတိုင်းထဲက ဖြစ်ပါတယ်။

ပဲခူးအရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းရော လက်နက်ကြီးပါပစ်ခတ်လို့ ဒေသခံ ၅ ဦးသေပြီး ထိခိုက်ပျက်စီးမှုတွေရှိ

"တိုက်ပွဲမရှိဘဲ ပစ်သွားတာဗျ။ နေအိမ်တွေလည်းပျက်စီးတယ်။ ပြည်သူ ၄ ယောက် သေသွားတယ်။ ဒဏ်ရာရတဲ့အထဲက အမျိုးသမီးတယောက် စိုးရိမ်ရတယ်”

တပတ်အတွင်း MBT တပ်ဖွဲ့ဆီ ရဲဘော်သစ် ၅၀ ကျော်ဝင်ရောက်လာ ပြည်သူတွေထောက်ပို့ကြဖို့တိုက်တွန်း

" ရဲဘော်တွေက တအားများလာတယ်။ စားဖို့နဲ့နေဖို့ကို အဓိကထား ရုန်းကန်နေရတယ်။ နေစရာအတွက် အဆောင်သစ်တွေ ဆောက်နေရတယ်။ ပြည်သူတွေရဲ့အခက်အခဲကို သိပါတယ်။ တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ ပြောချင်ပါတယ်"

ရေစကြိုနယ် ဂွေးချိုပျူစောထီးစခန်းကို လက်နက်ကြီးနဲ့ ဝိုင်းဝန်းတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိ ပျူစောထီးတွေအထိုင်ချ နေထိုင်နေတဲ့ ဂွေးချို ပျူစခန်းကို ဖေဖော်ဝါရီ ၁၉ ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Southen YSO တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းက ပျူရွာစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက် (ရုပ်/သံ)

"တိုက်ပွဲက ၁ နာရီကျော်လောက် ကြာတယ်။ စစ်တပ်ဘက်က လက်နက်ကြီးရော လက်နက်ငယ်တွေနဲ့ပါ ပြန်ပစ်တယ်။ ကျနော်တို့ဘက်က ထိခိုက်တာမျိုး မရှိပါဘူး"

မုံရွာရှိ စစ်ဆေးရေးဂိတ်ကို TLWDF တိုက်ခိုက်၊ MA.3 သေနတ် ၂ လက်ရ

မုံရွာမြို့ပေါ် ခမရ (၁၆) တပ်ရင်းနားမှာ ပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်သားတွေကို ပြောက်ကျားစနစ်နဲ့ မနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး MA.3 အမျိုးစား သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ် လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10