လက်နက်ခဲယမ်းပို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးဟုဆို

လက်နက်ခဲယမ်းပို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာမှ ကန့်ဒေါင့်ရဲစခန်းကို လက်နက်ခဲယမ်းများ ပို့ဆောင်ပြီး ပြန်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၉ ရက်က တိုက်ခိုက်ခဲ့တယ်လို့ ABSDF စစ်ကြောင်း ၃ တပ်ဖွဲ့ဆီက သိရပါတယ်။

ကန်ဒေါင့်ရဲစခန်းမှအပြန် လမ်းပိုင်းတနေရာမှာ မွန်လွဲ ၃ နာရီခန့်က စစ်ကောင်စီတပ်သားနဲ့ ပျူအင်အား ၆၀ ကျော်ပါတဲ့စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့လာရာလမ်းက စောင့်နေတာပါ။ အချိန်မမီလိုက်တော့ အပြန်လမ်းမှာတိုက်ခိုက်တယ်။ စစ်တပ်ဘက်က ၃ ယောက်သေတယ်" လို့ ABSDF စစ်ကြောင်း ၃ သတင်းတာဝန်ခံ ရဲဘော် ပြည့်ဖြိုးကျော် က ပြောပါတယ်။

အခုလိုကြားဖြတ်တိုက်ပွဲမှာ စစ်သား ၃ ဦးသေဆုံးတာကို မြေပြင်သတင်းအဖွဲ့ဆီက အတည်ပြုသိရှိရတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီလိုကြားဖြတ် တိုက်ခိုက်မှုကို ABSDF အမှတ် ၃ စစ်ကြောင်း အမှတ် ၁၄ တပ်ရင်း၊ NUG-MOD ဗျူဟာ စစ်ကြောင်း၊ ပုံတောင်တိုက်ဂါး PDF၊ Eagle 1 PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း အင်မထီးပျူစောထီးရွာကို စစ်ကောင်စီမှ Y12 လေယာဉ်အသုံးပြုကာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လေထီးနဲ့ချပေးခဲ့တာဖြစ်ပြီး အဲ့ဒီပစ္စည်းတချို့ကို ကန့်ဒေါင့်ရဲစခန်းသို့ လာရောက်ပို့ဆောင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပုလဲ #အင်မထီး #ပျူစောထီး #ကန့်ဒေါင့်ရဲစခန်း #ABSDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10