ရန္တပိုဆိပ်ကမ်းမှာ အိုးလှန်းကြရမယ့်နေ့ (ရုပ်သံဆောင်းပါး)

အစုန်အဆန် စက်လှေကြီးငယ်တို့ အဆက်မပြတ်ဆိုက်ကပ်ခဲ့တဲ့ဆိပ်ကမ်း၊ ရွာရဲ့အဓိကထွက်ကုန် မြေအိုးတွေကို မြန်မာနိုင်ငံအနှံ့ပို့ပေးခဲ့တဲ့ ဆိပ်ကမ်း၊ ကမ္ဘာလှည့်ခရီးသွားတွေ သင်္ဘောကြီးတွေနဲ့ ဝင်ထွက်လေ့လာခဲ့ရာ၊ မြစ်ဧရာရဲ့အရှေ့ဘက် ရန္တပိုဆိပ်ကမ်းလေးဟာ အခုတော့ တိတ်တိတ်ဆိတ်ဆိတ်။ မျှော်သူမရှိ။ ခေါ်သူလည်းမရှိ။ 

“အရင်တုန်းကတော့ နိုင်ငံခြားသားကပြတ်ကို မပြတ်ဘူး၊ အချိန်ပြည့်လာတာ။ ကလေးတွေကို စာအုပ်ခဲတံတို့ ထောက်ပံ့တယ်။ ကျောင်းဝတ်စုံလှူသွားတယ်။ အိုးလုပ်ငန်းကိုလာတာ။ လေ့လာချင်လို့ လာတာ။” လို့ ရွာရဲ့ အရင်အခြေအနေကို ဦးမြင့်(အမည်လွှဲ)က ပြောပြတယ်။

ဦးမြင့်က ရွာမှာ အိုးလုပ်ငန်းကို မိရိုးဖလာအနေနဲ့ကို တတ်ခဲ့တာ၊ အိုးလုပ်ငန်းနဲ့ အသက်မွေးခဲ့တာကပင် ၂၈ နှစ်ရှိခဲ့ပြီ။ အခုတော့ အိုးလုပ်ငန်းကို ရပ်လို့ စစ်ရှောင်နေရတဲ့သူတွေထဲက တယောက်ပေါ့။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#လူမှုဘဝ #ရုပ်သံဆောင်းပါး #ရန္တပို #အိုးလုပ်ငန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10