စောကျော်ငြိမ်း

မိုင်းမတော်တဆမှုကြောင့် မျက်လုံးထိခိုက်ခဲ့တဲ့ PDFကို ခွဲစိပ်ကုသဖို့ အကူညီလိုအပ်နေ

ဒဏ်ရာရရဲဘော်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် ဆေးရုံတခုမှာ ၁ ကြိမ်ခွဲစိပ်ကုသခဲ့ရာ ကျပ်သိန်း ၂၀၀ ကျော် ကုန်ကျခဲ့ပြီး လက်ရှိမှာ ညာဘက်မျက်လုံးကို ထပ်မံခွဲစိပ်ရမှာကြောင့် အကူအညီလိုအပ်နေတာလို့ ဆိုပါတယ်။

ရေမြက်နီရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ်၂၀၀ ကျော်မီးလောင်ပျက်စီး၊ စစ်ဘေးရှောင် ၁၀၀၀ ကျော် ရွာပြန်မဝင်နိုင်သေး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမြက်နီရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့လို့ အိမ်ခြေ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ ကျောမြို့ ကပစ ၂၃ က လာတဲ့ အင်အား ၇၀ ကျော်ပါခြေလျင်စစ်ကြောင်းက ဧပြီ ၃ ရက် နေ့လယ်ပိုင်းမှာ ရေမြက်နီရွာက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ Yaw Revolution Army-YRA တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

၉ ရက်ကြာတိုက်ခိုက်ပြီး ဟုမ္မလင်းက စစ်စခန်း ၄ ခုကို တော်လှန်ရေးဘက်ကသိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ အင်ကြင်းမှော်ရွာ၊ မနော်သာရွာကျွန်းကုန်းရွာတွေမှာ စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ စခန်း ၄ ခုကို ဧပြီ ၇ ရက်မှာ စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ ထုတ်ပြန်ထားပါတယ်။

ယင်းမာပင်-ဆားလင်းကြီးမှာ စစ်ရှောင်ဦးရေ ၁၅,၀၀၀ ကျော်အထိတိုးလာ၊ စားနပ်ရိက္ခာလိုအပ်နေ

"စစ်ကြောင်းက ပြန်မသွားဘဲ ရွာထဲမှာ တပ်စွဲထားတယ်။ စစ်ရှောင်တွေလည်း များလာတော့ စားဖို့ခက်ခဲတာပေါ့။ ကျနော်တို့လည်း ဆန်၊ ဆီ၊ ကုန်ခြောက်နဲ့အသီးအနှံတွေ နိုင်သလောက်ကူညီပေးပါတယ်"

စခန်းသိမ်းတိုက်ပွဲမှာ ခြေထောက်ရိုးကျိုးခဲ့တဲ့ရဲဘော်ကို ခွဲစိတ်ကုသဖို့ အကူအညီလိုအပ်

"ဆေးကုသတာနဲ့ခွဲစိတ်တာ တနှစ်နီးပါးရှိပြီ။ လူနာက စားနိုင်၊ အိပ်နိုင်ပါတယ်။ လမ်းမလျှောက်နိုင်ပါဘူး။ အရိုးကျိုးသွားတော့ ခြေထောက် နာတာ၊ ကိုက်ခဲတာ ခံစားနေရပါတယ်"

ယခင်နှစ်ထက်ရေရှားပါးတဲ့အညာမှာ တိုက်ပွဲတွေကြောင့် ရေရဖို့ခက်ခဲနေပြီး အကူအညီလိုအပ်နေ (ရုပ်/သံ)

ရေရဖို့အတွက် ၄-၅ မိုင်ကျော်ဝေးတဲ့နေရာတွေကို ရေစည်လှည်းနဲ့သွားရောက် သယ်ယူပြီး ရေလှောင်ထားရသလို လမ်းခရီးမှာ မိုင်းနင်းမိသူတွေ စစ်ကြောင်းနဲ့တွေ့လို့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

"စာသင်ရင်မီးရှို့မှာပဲဆိုပြီး ကြောက်ကြတယ်" (ဆောင်းပါး)

“စစ်ကြောင်းလာရင် ပြေးလွှားရှောင်ရတိမ်းရတော့ ရွာမှာရှိတဲ့ အိမ်တွေကလည်း သူတို့ဆီမှာ မဖွင့်စေချင်ဘူးပေါ့ဗျာ။ မသင်စေချင်လို့ မဟုတ်ဘူး။ ချောင်းဦးကြီးမှာလည်း မီးတွေရှို့တော့ သူတို့ဆီမှာလည်း စာသင်ရင်မီးရှို့မှာပဲဆိုပြီးကြောက်ကြတယ်။”

AK တလက်ဝယ်ဖို့ စိုက်ထားတဲ့ ကြက်သွန်ခင်း စတင်နှုတ်ယူ

"ကြက်သွန်တွေက AK တလက် ဝယ်ဖို့စိုက်ထားတာပါ။ ဒေသမျိုးကိုပဲ ကျင်း ၂၀၀ စိုက်ထားတယ်။ အကုန်လုံး မနှုတ်ရသေးပါဘူး။ ငွေဘယ်လောက်ရမယ်ဆိုတာတော့ ရောင်းချပြီးမှပဲ သိရမှာပါ"

ဝမ်းတွင်းမြို့နယ်ရဲမှူး စီးနင်းလာတဲ့ကား မိုင်းဆွဲခံရလို့ ရဲမှူးအပါ ၄ ဦးသေဆုံး

"ယာဥ်တန်းကားက ၄ စီးသွားတာ။ အပြန်ကျ မြို့နယ်မှူးပါတဲ့ ကား ၁ စီးပဲ ပြန်လာတာသိလို့ မိုင်းဆွဲခဲ့တာပါ။ ကားရော လူရောတစစီပဲ။ ရဲမှူးနဲ့ ရဲ** တွေ ၄ ယောက်သေတယ် "

ထီးလင်းမှာ စစ်ကြောင်းထွက်လာတဲ့တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး

"ပြင်းအားမြှင့်ထားတဲ့ မိုင်းအကြီးစား ၄ လုံးတွဲ ထောင်ထားတဲ့ကွင်းထဲ ဖြတ်ဝင်လာချိန် ဆွဲချလိုက်တယ်။ စစ်သား ၃ ယောက်နဲ့ ရဲ ၁ ယောက် ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရပြီး မပြေးနိုင်တဲ့ သူတွေလည်း ရှိတယ်"

မိုင်းရှာပြီးပြန်လာတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး

"ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ မိုင်းထိတဲ့နေရာမှာ ၂ ယောက်သေတယ်။ ပြင်းထန်ဒဏ်ရာရတဲ့ စစ်သားတွေလည်း များတယ်။ အရေအတွက်တော့ အတိအကျမသိရသေးပါဘူး"

Yu&Tulip Foundation အဖွဲ့က PDF တပ်ရင်းတခုကို စတားလင့်ခ် ထောက်ပံ့

"တော်လှန်ရေးမှာ ဆက်သွယ်ရေးသွေးကြောကလည်း အဓိကကျပါတယ်။ သူတို့လူတွေ မြေပြင်မှာမရှိတော့ ဖက်ဆစ်စစ်တပ်က လိုင်းဖြတ်တောက်ဖို့လုပ်နေကြတာကို ကလစ် ပြန်တပ်ပေးတဲ့အနေနဲ့ ထောက်ပံ့ပေးတာပါ"

လေပြင်း ၂ ကြိမ်တိုက်လို့ CDF KKG တပ်ဖွဲ့ရဲ့ အဆောက်အဦတချို့ပျက်စီး

"တရက်တည်း နှစ်ကြိမ်လေပြင်းတိုက်ခဲ့တာပါ။ မိုးကာတွေရော၊ သွပ်တွေပါ အသစ်ပြန်ဝယ်ရတော့မယ်။ အဆောင်တွေလည်း ပြိုကျသွားတယ်"

သေနတ်နဲ့ ၃ချက်ပစ်ခံရလို့ ဇယ်တောက်နေတဲ့ ပျူခေါင်းဆောင်ဆိုသူ သေဆုံး

"သူက ပျူခေါင်းဆောင်တယောက်ပါ။ စစ်မှုထမ်း သင်တန်းလည်း ပေးနေတယ်။ ဇယ်တောက်နေတုန်း ဦးခေါင်းပိုင်းကို သေနတ်နဲ့ ၃ ချက်ပစ်ခဲ့တယ်။ နေရာမှာ ပွဲချင်းပြီးသေသွားတယ် "

ဝက်လက်နယ်မှာ စစ်ရှောင်ပြည်သူ ၁၀၀ ကျော်ကို အခမဲ့ဆေးကုသပေး (ရုပ်/သံ)

"ဖျားနာတာ ဝမ်းပျက်ဝမ်းလျော ဖြစ်ကြတယ်။ သွေးတိုးရောဂါတွေ အဖြစ်များပါတယ်။စိုးရိမ်ရတဲ့ လူနာတော့ မရှိပါဘူး။ ကလေး၊ လူကြီး ၁၀၀ လောက် ကုသပေးရပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10