၁၀ လကြာ ရှမ်း-မန်းစစ်ဆင်ရေးကနေ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲဘော် ၈၁ ဦး ပြန်ရောက် (ရုပ်/သံ)

 

၁၀ လကြာတဲ့ ရှမ်း-မန်းစစ်ဆေးရေးမှာ တိုက်ပွဲဝင်ပြီး ပြန်လာတဲ့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ က ရဲဘော် ၈၁ ဦးကို မိခင်တပ်ရင်းနဲ့ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။

စစ်ဆင်ရေးကို တပ်ရင်း ၁၅ ရဲ့ ရဲဘော် ၈၉ ဦးက ၂၀၂၄ ဖေဖော်ဝါရီ ၁၅ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အထိ သွားရောက်ခဲ့ပြီး ၈ ဦး တိုက်ပွဲမှာကျဆုံးခဲ့ပါတယ်။

ဒီ့အပြင် စစ်ယူနီဖောင်းတွေလည်း မစုံတော့တဲ့အတွက် မိခင်တပ်ရင်းဆီပြန်ရောက်လာချိန်မှာ ယူနီဖောင်းတွေ တပ်ဆင်ပေးခဲ့တယ်လို့လည်း ရွှေဘိုတပ်ရင်း ၁၅ ရဲ့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

တပ်ရင်းဆီပြန်ရောက်လာခဲ့တဲ့ ရဲဘော်တွေအတွက် ဝမ်းသာရသလို ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်လည်း ဝမ်းနည်းရတယ်လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ရှေ့တန်းပြန်ရဲဘော်တွေရဲ့ မိခင်းတပ်ရင်းအပြန်ခရီးမှာ ကျဆုံးရဲဘော် ၈ ဦးရဲ့ဓာတ်ပုံတွေကိုကိုင်ဆောင်ကာ ပြန်လာခဲ့ကြပြီး ရဲဘော်တွေအတွက် အမှတ်တရလုပ်ပေးထားတဲ့ ဂူဗိမာန်ကိုဝင်ရောက် အလေးပြုခဲ့ကြပါတယ်။

ရှေ့တန်းပြန်ရဲဘော်တွေကို ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ၊ မိဘဆွေမျိုးတွေနဲ့ မိခင်တပ်ရင်းရဲဘော်တွေက အောင်သပြေပန်း၊ စံပယ်၊ နှင်းဆီ စတဲ့ပန်းမျိုးစုံနဲ့ ကြိုဆိုခဲ့ပြီး ဝက်သားဟင်းနဲ့ထမင်းကျွေးကာ တီးဝိုင်းတွေနဲ့ဂုဏ်ပြုဖျော်ဖြေခဲ့ကြတာပါ။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ရှမ်း-မန်း စစ်ဆင်ရေးမှာ MOD လက်အောက်ခံတပ်ရင်းတွေနဲ့ အတူပူးပေါင်းကာ ၁၀ လကြာတာဝန်ထမ်းဆောင်ပြီး မိခင်တပ်ရင်းကို အပြီးပြန်လာကြတာဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ရှမ်းမန်းစစ်ဆင်ရေး #ရွှေဘိုခရိုင်တပ်ရင်း၁၅ #ရှေ့တန်းပြန် #ရဲဘော် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10