ပြည်သူတွေဆီက စိုက်ပျိုးမြေငှားပြီး စိုက်ထားတဲ့ PDF တွေရဲ့လယ်က စပါးတင်း ၅၀ ထွက်ရှိ (ရုပ်/သံ)

မကွေးတိုင်းအတွင်း အခြေစိုက်ထားတဲ့ Phoenix Guerilla Force တပ်ဖွဲ့ဟာ ပြည်သူတွေဆီက အထောက်အပံ့တွေ သက်သာဖို့ ရဲဘော်တွေက ရိက္ခာအတွက်စိုက်ပျိုးထားတဲ့ စပါးခင်းကို ဒီဇင်ဘာ ၁၀ ရက်မှာ ရိတ်သိမ်းခြွေလှေ့တာ ပြီးစီးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

စိုက်ခင်းအကျယ် ၁ ဧကကျော်မှာ ဧရာပဒေသာစပါးမျိုးကို သြဂုတ်လလယ်ပိုင်းမှာ စတင်ပျိုးထောင်ကာ စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၈ ရက်မှာ စတင်ရိတ်သိမ်းခဲ့ရာ စပါးတင်း ၅၀ ထွက်ရှိခဲ့တယ်လို့ Phoenix Guerilla Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးရဲဘော် မြူ က ပြောပါတယ်။

စပါး စတင်စိုက်ပျိုးချိန်မှာ ထွန်စက်အတွက် ဒီဇယ်ဖိုးသာပေးချေခဲ့ရပြီး စိုက်ပျိုးမြေကိုတော့ တောင်သူ ၁ ဦးဆီက ငှားရမ်းကာ ၁ ရာသီစိုက်ပျိုးခအဖြစ် စပါး ၁၀ တင်းပေးချေရတယ်လို့ ဆိုပါတယ်။

စပါးမျိုးဝယ်တာ ပျိုးထောင်၊ စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့၊ ပေါင်းနှုတ်၊ ရေတင်၊ မြေသြဇာကြဲပက်တဲ့ လုပ်ငန်းတွေကိုတော့ Phoenix Guerilla Force တပ်ဖွဲ့ဝင် ရဲဘော်တွေနဲ့အတူ ဒေသခံပြည်သူတွေက ကူညီလုပ်ကိုင်ပေးခဲ့ကြတယ်လို့  သိရပါတယ်။

အခုလို စပါးစိုက်ပျိုးခဲ့တာကလည်း ပြည်သူတွေရဲ့ ကူညီထောက်ပံ့တာတွေ နည်းနိုင်သမျှနည်းအောင်၊ ဒါ့အပြင် အဲဒီဒေသမှာ တိုက်ပွဲတွေကြုံလာရင်၊ ပြည်သူတွေစားစရာ ဒုက္ခရောက်လာရင် ပြန်လည်ကူညီနိုင်အောင်လို့ တနိုင်တပိုင် စိုက်ပျိုးခဲ့ကြတာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာလည်း စပါးစိုက်ခင်းကို ပိုပြီးတိုးချဲ့လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

Phoenix Guerilla Force တပ်ဖွဲ့က စပါးစိုက်ပျိုးတာအပြင် ရာသီချိန်အလိုက် မြေပဲ၊ ကြက်သွန် စတဲ့သီးနှံတွေကိုလည်း ရိက္ခာဖူလုံဖို့အတွက် စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #တပ်ဖွဲ့ရိက္ခာ #စပါးရိတ် #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10