စစ်ကိုင်းနဲ့မကွေးတိုင်းအတွင်းမှာ WAB ဦးဆောင်ပြီး လူ့အခွင့်အရေးနေ့လှုပ်ရှားမှုပြုလုပ်ခဲ့

စစ်ကိုင်းနဲ့မကွေးတိုင်းအတွင်းမှာ WAB ဦးဆောင်ပြီး လူ့အခွင့်အရေးနေ့လှုပ်ရှားမှုပြုလုပ်ခဲ့

ဒီဇင်ဘာလ ၁၀ ရက်မှာကျရောက်ခဲ့တဲ့ ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးမဟာမိတ်အင်အားစု Women Alliance Burma - WAB အဖွဲ့က ဦးဆောင်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ လူအခွင့်အရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

WAB အဖွဲ့ဝင်တွေနဲ့ ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ပြည်သူ့အခြေပြုကျောင်းတွေက ဆရာ၊ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေပူးပေါင်းပြီး ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ကနီမြိုနယ်၊ မုံရွာမြို့နယ်၊ ဝက်လက်မြို့နယ်နဲ့ မြိုင်မြို့နယ်တို့မှာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။

WAB အဖွဲ့ဝင်အမျိုးသမီးတွေက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း-UDHR ပါ အချက်တွေ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် - CEDAW နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ကျား၊မရေးရာအခြေပြု အကြမ်းဖက်မှု - GBV ဆိုင်ရာ အသိပညာတွေကိုမျှဝေပေးခဲ့တယ်လို့ WAB ရဲ့အဖွဲ့ဝင် ဆရာမ မနွယ်နွယ်မိုးက ပြောပါတယ်။ 

ဒါ့အပြင် ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးတို့မိသားစု အသတ်ခံရမှုအတွက် အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိရေးအတွက်လည်း အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ကတဆင့် တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

အလားတူ WAB အဖွဲ့ဝင်တွေနဲ့ ဒေသခံတွင်းတော်လှန်ရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ကျား/မအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တာ ဖဲကြိုးဖြူကမ်ပိန်းလှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #WAB #လူ့အခွင့်အရေးနေ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10