သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စိုက်ပျိုးနည်းပညာ သေချာမသိပေမယ့် တပ်ဖွဲ့ရိက္ခာလိုအပ်ချက်ကြောင့် PDF ရဲဘော်တွေ အခက်အခဲကြားက သီးနှံတွေစိုက်ပျိုးအောင်မြင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်း၊ တပ်ခွဲ ၁၊ ခွပ်ဒေါင်းတပ်ခွဲ ဆီက သိရပါတယ်။
ခွပ်ဒေါင်းတပ်ခွဲက အခုနှစ် နိုဝင်ဘာလအစောပိုင်းမှာ တပ်ဖွဲ့ရိက္ခာအထောက်အကူဖြစ်စေဖို့ စားသုံးသီးနှံ ၁၄ မျိုးလောက်ကို မြေ ၂ ဧကလောက်မှာ စတင်စိုက်ပျိုးခဲ့ကြတာပါ။
လက်ရှိစိုက်ခင်းကနေ အသီးအနှံ ၆ မျိုးလောက်ကို ခူးယူစားသုံးလို့ရနေပြီဖြစ်တဲ့အတွက် ရိက္ခာဖူလုံမှုရှိပြီး ကုန်ကျစရိတ်လည်း သက်သာသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီစိုက်ပျိုးမြေက တပ်ဖွဲ့စခန်းအနီးက မြေလွတ်နေရာကို ပြန်လည်ပြုပြင်ကာ စိုက်ပျိုးထားပြီး စိုက်ခင်းအတွက်လိုအပ်တဲ့ရေကို ၁ မိုင်ခန့်ဝေးတဲ့ချောင်းက သယ်ယူကာရေလောင်းပေးရတယ်လို့ ဆိုပါတယ်။
စိုက်ခင်းအတွင်း အပင်တွေကို စိုက်ပျိုးတာ၊ အပင်အားဆေးဖြန်းတာ၊ ပိုမွှားကျတဲ့အခါမှာ ပိုးသတ်ဆေးဖြန်းတာ၊ ဓာတ်မြေသြဇာကျွေးတာတွေကိုလည်း ဒေသခံပြည်သူတွေရဲ့ နည်းပေးလမ်းညွှန်မှုနဲ့ ရဲဘော်တွေဝိုင်းဝန်းလုပ်ကိုင်ကြတယ်လို့ တပ်ခွဲ ၁၊ ရေး ၂ တာဝန်ခံ ကိုအာကြီး က ပြောပါတယ်။
အဲ့ဒီစိုက်ခင်း ၂ ဧက စိုက်ပျိုးရာမှာ မျိုးစေ့ဖိုး၊ ထွန်ယက်ခ၊ စိုက်ပျိုးရေးဆေးနဲ့ ဓာတ်မြေသြဇာဖိုး စုစုပေါင်း ကုန်ကျစရိတ် ၆ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့က ရဲဘော်ရဲမေတွေဟာ ဆောမြို့နယ်အတွင်းသာမကဘဲ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော် စတဲ့ဒေသအသီးသီးက ပါဝင်ပြီး စိုက်ပျိုးရေးလုပ်ငန်းနဲ့ အကျွမ်းတဝင်မရှိကြသူတွေ ဖြစ်ပါတယ်။
ခွပ်ဒေါင်းတပ်ခွဲ ရဲဘော်တွေအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ရာသီဥတုအခြေအနေနဲ့ မြေနေရာအပေါ်မူတည်ပြီး ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ သီးနှံတွေကို တိုးချဲ့စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ဆော #တပ်ဖွဲ့ရိက္ခာ #PDF #စိုက်ပျိုးရေး
Share Share Share