သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ရရှိထားတဲ့ ဆင်တွေထဲက အကောင် ၆၀ကို တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )ဆီကို လွှဲပြောင်းပေးလိုက်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့ဆီက သိရပါတယ်။
အဲ့ဒီဆင်တွေကို မန္တလေးတိုင်းအတွင်းက မတ္တရာ၊ စဉ့်ကူးနဲ့ စဉ့်ကိုင်မြို့နယ်တွေမှာ မြို့သိမ်းတိုက်ပွဲတွေအတွင်းက ရရှိထားတဲ့ ဆင်တွေဖြစ်ပြီး လက်ရှိအဲ့ဒီဒေသတွေမှာ တိုက်ပွဲတွေရှိနေလို့ အခုလို လွှဲပေးလိုက်တာဖြစ်တယ်လို့ PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပါတယ်။
" အဲ့နေရာမှာ တိုက်ပွဲတွေခဏခဏဖြစ်နေလို့ခွဲပေးရတာပါ။ နေရာထိုင်ခင်းကျယ်မှဆင်တွေအတွက် အဆင်ပြေတာမို့ပါ။ တခြားအဖွဲ့တွေလိုချင်တာတော့ ရှိတယ်။ထပ်ဝေပေးဖို့တော့မရှိသေးပါဘူး" လို့ ရဲဘော်နီနီကျော်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ ဒုတိယလှိုင်းကာလ ဇူလိုင် ၁၀ ရက်က တိုက်ပွဲရှောင်လာတဲ့ ဆင်ကောင်ရေ စုစုပေါင်း ၁၃၈ ကောင်ကို စက်တင်ဘာလတုန်းက TNLA အဖွဲ့ဆီ ဆင်ကောင်ရေ ၆၀ အပါအဝင် ဆင်ဦးမိသားစု တဝက်လောက်ကိုပါ လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။
အခုလို လွှဲပြောင်းမပေးခင်ကတည်း ဆင်ထိန်းမိသားစု ၃၀၀ ကျော်နဲ့ ဆင် ၁၃၈ ကောင်အတွက် ငွေကြေး၊ ကျန်းမာရေး၊ နေထိုင်ရေးကိစ္စတွေကို TNLA က ကူညီစောင့်ရှောက်ပေးနေတာဖြစ်ပြီး PLA ကတော့ ဆန်နဲ့ဆီကိုသာ ရိက္ခာအဖြစ်ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
" ဒီဆင်တွေထိန်းသိမ်းတော့ ဆန်နဲ့ဆီ လောက်ပဲပေးနိုင်ပါတယ်။ မိသားစုဝင်တွေလည်း များတော့ တခြားလိုအပ်တာတွေရှိနေကြတယ်။ TNLA အဖွဲ့က လိုအပ်တာတွေ ထောက်ပံ့ပေးဖူးတယ်" လို့ ပြောပါတယ်။
ဆင်ဦးစီးမိသားစုတွေမှာ ဆင်တွေရဲ့ကျန်းမာရေးအတွက် စောင့်ရှောက်ပေးတဲ့ ဆင်ဆရာဝန်တွေပါရှိပြီး အခုချိန်မှာ ဆင်တွေရဲ့ကျန်းမာရေးလည်း ကောင်းမွန်နေတယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#မန္တလေး #ဆင်ဦးစီး #ဆင် #TNLA #လွှဲပြောင်း
Share Share Share