ခမရ ၆ ကထွက်လာတဲ့စစ်အုပ်စု တပ်အနီးမှာတိုက်ခိုက်ခံရလို့ ဗိုလ်နဲ့တပ်ကြပ်သေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိ

ခမရ ၆ ကထွက်လာတဲ့စစ်အုပ်စု တပ်အနီးမှာတိုက်ခိုက်ခံရလို့ ဗိုလ်နဲ့တပ်ကြပ်သေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ ကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခဲ့ခံရပြီး ဗိုလ် ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေလည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ဆီက သိရပါတယ်။

ဒီဇင်ဘာ ၄ ရက်မနက် ၉ နာရီ ၂၀ မိနစ်ခန့်မှာ ခမရ ၆ တပ်ရင်းထဲက စစ်သား ၈ ဦးဟာ ဆိုင်ကယ် ၄ စီးနဲ့ထွက်လာချိန် တပ်ရင်းနဲ့ ကိုက် ၂၀၀ အကွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စတင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ခဲ့တာပါ။  

"သတင်းရလို့ ကြိုစောင့်နေတဲ့နေရာကိုရောက်တော့ တိုက်ပွဲစဖြစ်တယ်။ အနီးကပ် ပစ်ရတာ။ ရှေ့ဆုံးက ကောင်တွေကို အတွဲလိုက် ဆွဲလိုက်တယ်။" လို့ ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ UGF OKPO တပ်ခွဲမှုး ရဲဘော်ဒေဝ က ပြောပါတယ်။ 

အခုလို တိုက်ခိုက်ရာမှာ အပြန်အလှန်ပစ်ခတ်မှု ၈ မိနစ်ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ပွင့်ဗိုလ် သိန်းဝင်းနဲ့ တပ်ကြပ် တင်အောင် တို့ ၂ ဦး နေရာတင်သေဆုံးခဲ့ပြီး ကျန်တဲ့စစ်ကောင်စီတပ်သားတွေကတော့ ဆိုင်ကယ်တွေထားကာ တပ်တွင်းကိုဆုတ်ပြေးသွားကြတယ်လို့ သူက ဆက်ပြောပါတယ်။ 

ဒါ့အပြင် သေဆုံးသူတွေဆီက MA 3 သေနတ်အသစ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ၅.၅၆ ကျည် ၄၉တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ကျောပိုးအိတ် ၁ လုံး၊ မှတ်ပုံတင် ၁ ခု၊ ငွေသား ၄၀၀၀၀ ကျပ်နဲ့ ခမရ ၆ တပ်ရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းတွေကိုတော့ မနက် ၁၀ နာရီကျော်မှာ တပ်တွင်းကို သယ်ယူသွားတယ်လို့သိရကြောင်း  ရဲဘော်ဒေဝ က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ပြည်-ရန်ကုန်ကားလမ်းတာဆုံမှာ သန်းခေါင်စာရင်းကောက်ယူဖို့ အသံချက်စက်မိုက်နဲ့အော်နေတဲ့ အုပ်စုအုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် အောင်ဇော် ဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါသေးတယ်။ 

ပုံစာ - သေဆုံးစစ်သားတွေနှင့် သိမ်းဆည်းရခဲ့သည့်လက်နက်ခဲယမ်းများကို တွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #တိုက်ပွဲ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10