သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မန္တလေးခရိုင်တပ်ရင်း ၅ မှာရှိတဲ့ ရဲဘော်တွေက စစ်သုံးဖိနပ်တွေ လိုအပ်နေပြီး အသစ်ဝယ်ယူဖို့ ငွေကြေးခက်ခဲနေတဲ့အတွက် ဖိနပ်အဟောင်းတွေကိုသာ ပြန်ချုပ်ပြီး ဝတ်နေရတယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။
အဲ့ဒီတပ်ရင်းမှာ ရှေ့တန်းထွက်နေတဲ့ ရဲဘော်တွေအတွက် စစ်ဖိနပ်အရံ ၁၀၀ ကျော်လိုအပ်နေသလို နောက်တန်းမှာလေ့ကျင့်နေကြတဲ့ သင်တန်းသား ရဲဘော်ရဲမေတွေအတွက်လည်း ဖိနပ်အရံ ၅၀ ကျော် လိုအပ်နေတာပါ။
မန္တလေးခရိုင်တပ်ရင်း ၅ မှာ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၅ ကို သင်ကြားပေးနေပြီးသင်တန်းသား ရဲဘော်ရဲမေတွေ လေ့ကျင့်ရာမှာ စစ်ဖိနပ်မပါဘဲ လေ့ကျင့်နေကြရတယ်လို့ ရဲမေ မိဇူး ကပြောပါတယ်။
သင်တန်းသားရဲဘော်တွေအတွက် ပေါက်ပြဲနေတဲ့ စစ်ဖိနပ်တွေကို ပြန်ချုပ်ကာဝတ်ဆင်နေရပြီး ဖိနပ်အသစ်တွေကို ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေကိုဦးစားပေး ထောက်ပံ့ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံထုတ်စစ်သုံးဖိနပ် ၁ ရံကို ၃၅,၀၀၀ ကျပ်ခန့် စျေးနှုန်းရှိကာ တပ်ရင်းအတွက်လိုအပ်နေတဲ့ စစ်သုံးဖိနပ်တွေ အချိန်မီဝယ်ယူနိုင်ဖို့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ထောက်ပံ့ပေးဖို့ ရဲမေ မိဇူးက အကူအညီတောင်းခံထားပါတယ်။
မန္တလေးခရိုင်တပ်ရင်း ၅ က ရဲဘော်တွေဟာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ တပ်ရင်းတခုတည်းသာမက မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့လည်း စခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ တပ်ရင်းတခုဖြစ်တယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မန္တလေး #ရဲဘော် #စစ်သုံးဖိနပ် #လိုအပ်
Share Share Share