စောကျော်ငြိမ်း

စစ်ကောင်စီအောက် စစ်မှုမထမ်းချင်သူတွေ PDF ထဲမှာ စစ်သင်တန်းဆင်းသစ္စာဆိုကြပြီ (ရုပ်/သံ)

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်တပ်လက်အောက်မှာ စစ်မှုမထမ်းလိုဘဲ တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်လာတဲ့ ရဲဘော်သစ် ၄၀ ကျော်ကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး အခြေခံစစ်ပညာသင်တန်းကို သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

ကန့်ဘလူမှာ စစ်မှုထမ်းစာရင်းကောက်ရန် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၅,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်

" ဒီစစ်တပ် မကောင်းမှန်းသိရဲ့သားနဲ့ ကိုယ့်သားသမီးကို သင်တန်းမတက်ခိုင်းပါဘူး။ သူတို့အတွက်လည်း အသေမခံနိုင်ဘူး။ စစ်ရှောင်ရတာ ဒုက္ခရောက်တာတော့ သိတယ်။ သူတို့လက်က လွတ်ဖို့ ရှောင်ပြေးရတာပဲ”

မိဘတွေပြောပြတဲ့ သားထောင် (ရုပ်သံဆောင်းပါး)

မိဘနှစ်ပါးကလည်း ဓာတ်ပုံတွေကိုတွေ့ပေမဲ့ သားထောင်ကျတယ်ဆိုတာကို လက်ခံဖို့ခက်ခဲနေပြီး တပ်ဖွဲ့ရဲ့ နောက်ထပ်တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါမှ သူတို့ရဲ့သား ကျဆုံးသွားပြီ ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်။ ဒါပေမဲ့ ရဲဘော်သားထောင်ဟာ ရှေ့တန်းမှာဘယ်လိုဘယ်ပုံနဲ့ ကျဆုံးသွားခဲ့ရတာကိုတော့ သူတို့ အဲဒီအချိန်အထိ မသိရသေးပါဘူး။

မင်းတုန်းမှာ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦးသေ

" မီတာ ၈၀ အကွာလောက်မှာ နှစ်ဘက်ပစ်ခတ်ခဲ့ကြတာပါ။ ကျနော်တို့ဘက်က ၄၀ မမနဲ့လည်း ပစ်တယ်။ စစ်သား ၁ ယောက်သေတယ်။ ၂ ယောက်ဒဏ်ရာရသွားတယ်”

ယင်းမာပင်တွင် ပြည်သူ့အခြေပြုစာသင်ကျောင်း ၅ ကျောင်းကို စာရေးကိရိယာနဲ့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့

"ကျောင်းတွေက မူ၊ လယ်၊ ထက် ကျောင်းအစုံပါတယ်။ ကလေးတွေမှာ မပြည့်စုံတော့ ကူညီပေးရတာပါ။ ကျောင်းအတွက် သင်ထောက်ကူပစ္စည်းတွေလည်း ပါပါတယ်"

"အိမ်ဆောက်ပြီးလို့ ၁၅ ရက်ပဲရှိသေးတယ် အကုန်ကုန်ပဲ"  (ရုပ်/သံ)

စစ်ကြောင်းပြန်ထွက်သွားလို့ အသက်ဘေးလွတ်မြောက်သွားတဲ့ ပြည်သူတွေဟာ ရွာထဲက စာသင်ကျောင်းတွေမှာ ခိုကပ်နေရကြပြီး ပြာပုံထဲက သံတိုသံစတွေကို ရသလောက် လိုက်ကောက်ကာ ပိဿာချိန်နဲ့ ပြန်‌ရောင်းကြပြီး ကလေးငယ်တွေအတွက် မုန့်ဖိုးရှာနေကြတာပါ။

ပုလဲမှာ စစ်မှုမထမ်းလိုတဲ့ပြည်သူတွေ နေထိုင်နိုင်ရန် ပအဖ ပြင်ဆင်၊ မိသားစုတစုကို စတင်လက်ခံ

" ဒီမိသားစုတစုက ပထမဆုံး ဆက်သွယ်အကူအညီတောင်းလာတာပါ။ ပအဖနဲ့ ပကဖ တွေဆီလည်း ဆက်သွယ်နေတာတွေ ရှိပါတယ်။ အုပ်ချုပ်ရေးယန္တရားအဖွဲ့တွေဆီ လက်ခံစောင့်ရှောက်ဖို့လည်း တင်ပြထားပါတယ်"

ကာလရှည် စစ်ရှောင်ပြည်သူတွေကို စားသောက်ကုန်များထောက်ပံ့၊ မိုးတွင်း ဆန်ပြတ်မှာ စိုးရိမ်နေကြ

" အလုပ်လည်း မရှိတော့ ဝင်ငွေမရှိကြဘူးပေါ့။ စားဖို့အတွက် ခက်ခဲနေလို့ ကူညီပေးဖြစ်တာပါ။ သူတို့အတွက် ဆန်အဓိက လိုအပ်နေပါတယ် "

ဗျူဟာသင်တန်းဆင်း PDF တွေကို ပြည်သူတွေကကြိုဆို၊ တိုက်ပွဲပြန် PDF တွေနဲ့အတူ မုန့်ဖိုးပေး (ရုပ်/သံ)

ပြည်သူတွေက သင်တန်းဆင်းရဲဘော်တွေနဲ့ တိုက်ပွဲပြန်ရဲဘော်တွေကို အောင်သပြေပန်းတွေနဲ့ ဝမ်းပန်တသာ ကြိုဆိုနေကြသလို ဆုငွေပေးတာ၊ ဖျော်ရည်မျိုးစုံလည်း လက်ဆောင်ပေးကြတယ်လို့ တာဝန်ခံ ဗိုလ်စွမ်းက ဆိုပါတယ်။

ဓားမဆိုင်းတပ်ဖွဲ့က ရဲဘော်ရဲမေတွေ တနေ့တာပျော်ဖို့ ဟမ်ဘာကာနဲ့ ရေခဲမုန့်ကျွေးမွေး (ရုပ်/သံ)

ရဲဘော်တွေကို အစားအသောက်တွေ ကောင်းမွန်စွာနဲ့ ကျွေးမွေးတာရှိပေမယ့် အရက်၊ ဘီယာသောက်ခွင့်မပေးထားကာ တလတကြိမ် ဟမ်ဘာကာကျွေးဖြစ်တယ်လို့ ဓားမဆိုင်းတပ်မတော် တာဝန်ခံဗိုလ်စွမ်းက ပြောပါတယ်။

စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ဂန့်ဂေါ PDF တပ်ရင်း ၂ ရင်း ပထမဆုံးအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၈ တပ်ရင်းနဲ့ အမှတ် ၉ တပ်ရင်းတို့က မတ်လတတိယပတ်အတွင်း တွေ့ဆုံခဲ့ကြပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေကြတယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၈ တပ်ရင်းဆီက သိရပါတယ်။

ဆေးလွယ်အိတ်နဲ့ အသုံးအဆောင်ပစ္စည်းများ အညာပစ်တိုင်းထောင်က ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ကို ဆေးမျိုးစုံပါလွယ်အိတ်နဲ့ မီးဘေးသင့်ပြည်သူတွေကို လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

ဝက်လက်မြို့နယ်က စစ်ရှောင်ပြည်သူ ၂၀၀ ကျော်ကို အခမဲ့ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပို့ရေးအဖွဲ့နဲ့ CDM ကျန်းမာရေး ဆရာ /ဆရာမတွေက မတ် ၂၃ ရက်မှာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

လက်နက်ခဲယမ်းနဲ့အလင်းဝင်လာတဲ့ ရဲတပ်သား ၂ ဦးကို CDF-KKG က ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်

"တဦးကို သိန်း ၅၀ စီနဲ့ ၂ ဦးအတွက် သိန်း ၁၀၀ ဆုပေးခဲ့ပါတယ်။ စစ်တပ်က ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တာတွေလုပ်နေတော့ မကြိုက်တဲ့အတွက် အလင်းဝင်လာတာပါ"

ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်အတွင်း  စစ်ကြောင်းထိုးနေလို့ ပြည်သူ ၁၂၀၀၀ ကျော် အရေးပေါ်စစ်ရှောင်နေရ (ရုပ်/သံ)

ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့တွက် ကျေးရွာပေါင်း ၁၂ ရွာကျော်က ပြည်သူ ၁၂၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ပြည်သူမှပြည်သူသို့အဖွဲ့ဝင် ကိုသက်ဦးကပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10