သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာအခြေပြုလှုပ်ရှားနေတဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် -PDA ရဲ့ မိုးစပါးစိုက်ခင်းကနေ တင်း ၈၀ ကျော် ထွက်ရှိခဲ့ပါတယ်။
ပြည်သူတွေဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့နဲ့ တပ်ဖွဲ့ရိက္ခာနဲ့ စရိတ်သက်သာစေဖို့ အခုနှစ် ဇူလိုင် ၃၀ ရက်မှာ ပြည်သူတွေအခမဲ့ ငှားပေးထားတဲ့ လယ် ၂ ဧကမှာ ဧရာမင်းစပါး စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်မှာ စတင်ရိတ်သိမ်းခဲ့ရာ စပါးတင်း ၈၀ ကျော် ရရှိခဲ့တာပါ။
စပါးတင်း ၈၀ကျော်ထွက်တာဟာ အဲ့ဒီဒေသရဲ့ ပုံမှန်အထွက်နှုန်းအတိုင်းဖြစ်ပြီး အထွက်နှုန်းလျော့တာမျိုး မရှိခဲ့ဘူးလို့ PDA ရဲ့ သတင်းပြန်ကြားရေး ဒုတာဝန်ခံ ရဲဘော်တိုက်ဂါး ကပြောပါတယ်။
PDA တပ်ဖွဲ့ဝင်တွေ စိုက်ပျိုးထားတဲ့ စပါး တင်း၈၀ ကျော်ကို ကြိတ်ခွဲရင် ဆန်တင်း ၄၀ ကျော် ၅၀ နီးပါး ရနိုင်ပြီး တပ်ဖွဲ့ရိက္ခာအတွက် ဖူလုံသလို ပြည်သူတွေလည်း ထောက်ပံ့ပေးရတာနည်းသွားတဲ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘူးလို့ သူက ဆက်ပြောပါတယ်။
စိုက်ပျိုးရာမှာလည်း ဒေသခံတောင်သူတွေရဲ့ နည်းပေးလမ်းညွှန်မှုနဲ့အတူ ပျိုးထောင်တာ၊ မြေပြင်တာ၊ ရေသွင်းရေထုတ်၊ ပေါင်းနှုတ်၊ ဓာတ်မြေသြဇာကျွေး၊ ရိတ်သိမ်းတာနဲ့ စပါးရိုက်ခြွေတာတွေကို PDA တပ်ဖွဲ့ဝင်တွေက လုပ်ကိုင်ကြတယ်လို့ အမျိုးသမီးရဲဘော်ပန်ဒါလေး ကပြောပါတယ်။
တပ်ဖွဲ့စိုက်ခင်းမှာ စပါးစတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းခြွေလှေ့တဲ့အထိ အမျိုးသားရော အမျိုးသမီးရဲဘော်တွေပါ အတူတကွ လယ်ယာအလုပ်တွေကို လုပ်ကိုင်ခဲ့ကြတာလို့ ဆိုပါတယ်။
လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကစပြီး နွေစပါးစိုက်ပျိုးတာကို ၅ ဧကအထိ တိုးချဲ့စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #PDF #မိုးစပါး #စိုက်ပျိုးရေး
Share Share Share