သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
TDOR - Transgender day of remembrance အထိမ်းအမှတ်ပွဲကို နိုဝင်ဘာလ ၂၀ ရက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးဆီက သိရပါတယ်။
အဲ့ဒီပွဲမှာ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးခဲ့ကြရတဲ့ Transgender (ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူ) တွေအတွက် ဆုတောင်းခဲ့ကြပြီး LGBT တွေအပေါ် နားလည်မှုမရှိဘဲ Transgender တယောက်ကို အနိုင်ကျင့်ခဲ့တာကိုအခြေခံပြီး "မောဟမီးတောက်" အမည်နဲ့ ပြဇာတ်ကခဲ့ကြတာလို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ LGBT တဦးက ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး ၃ နှစ်ခွဲကျော် ကာလအတွင်းမှာလည်း ဖမ်းဆီးနှိပ်စက်တာခံရတဲ့ Transgender တွေ၊ သတ်ဖြတ်ခံခဲ့ရတဲ့ Transgender တွေရဲ့ အရေအတွက်ကို သီးသန့်စာရင်းကောက်ယူတာ မတွေ့သေးဘူးလို့လည်း သူကဆက်ပြောပါတယ်။
Transgender day of remembrance အမှတ်တရ ပြဇာတ်ကပြရာမှာ LGBT နဲ့ တော်လှန်ရေး ရဲဘော်တဦးအပါ လူဦးရေ ၁၂ ဦးနဲ့ကပြခဲ့ပြီး ဖျော်ဖြေပွဲမှာပါဝင်သူ စုစုပေါင်း ၄၂ ဦး ရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီအခမ်းအနားကို မနက် ၉ နာရီကနေ ည ၈ နာရီအထိ ပြုလုပ်ခဲ့ရာ LGBT အသိုင်းအဝိုင်းက မိသားစုတွေ၊ ကျောင်းသား/ကျောင်းသူတွေ၊ ဒေသခံပြည်သူဦးရေ ၅၀၀ ကျော် လာရောက်ဝန်းရံကြတယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#Transgender #ပြဇာတ် #အထိမ်းအမှတ် #ဆုတောင်းပွဲ #LGBT
Share Share Share