ထန်တလန်မြို့သိမ်းတိုက်ပွဲမှာကျဆုံးခဲ့တဲ့ CDF-KKG တပ်ဖွဲ့ဝင်ကိုမြေမြှုပ်သင်္ဂြိုဟ်

ထန်တလန်မြို့သိမ်းတိုက်ပွဲမှာကျဆုံးခဲ့တဲ့ CDF-KKG တပ်ဖွဲ့ဝင်ကိုမြေမြှုပ်သင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အခြေစိုက် Chinland Defense Force-Kalay Kabaw Gangaw၊ တပ်ရင်း ၃ CDF-KKG တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင် ၁ ဦး ထန်တလန်မြို့သိမ်းတိုက်ပွဲမှာကျဆုံးခဲ့ပြီး ဒီဇင်ဘာ ၂ ရက်နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်က ထန်တလန်မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေချိန်မှာ အသက် ၂၂ နှစ်အရွယ်တပ်ဖွဲ့ဝင် Thian Lian Thang ဆိုသူ ကျဆုံးခဲ့တာလို့ CDF-KKG စစ်ရေးသတင်းတာဝန်ခံက ပြောပါတယ်။

စျာပနကိုခရစ်ယာန်ဘာသာဝင်ဓလေ့အတိုင်း နေအိမ်မှာဝတ်ပြုဆုတောင်းတာ၊ သင်္ချိုင်းမှာလည်း အသင်းတော်ဆရာက တရားဟောဆုတောင်းပြီး တပ်ရင်းကတပ်ဖွဲ့ဝင်တွေနဲ့ ကျန်ရစ်သူ မိသားစုတွေက မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်ရင်းအနေနဲ့လည်း ကျဆုံးသူရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

တပ်ဖွဲ့ဝင် Thian Lian Thang ဟာ ၂၀၂၂ နှစ်စကတည်းက CDF-KKG တပ်ရင်း ၃ မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး တိုက်ပွဲအတွေ့အကြုံရှိသူ ၁ ယောက်ဖြစ်သလို စခန်းသိမ်းတိုက်ပွဲတွေမှာလည်း ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်တယ်လို့ CDF-KKG စစ်ရေးသတင်းတာဝန်ခံက ပြောပါတယ်။

ပုံစာ - ကျဆုံးရဲဘော် ရုပ်အလောင်းကိုသင်္ဂြိုဟ်နေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ထန်တလန် #တိုက်ပွဲ #CDF-KKG #ကျဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10