မုံရွာမှာ စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ခဲ့သူတွေကို ဆေးဖိုးငွေထောက်ပံ့

မုံရွာမှာ စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ခဲ့သူတွေကို ဆေးဖိုးငွေထောက်ပံ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သူတွေကို ဆေးကုသ စားရိတ်ထောက်ပံ့ပေးခဲ့တယ်လို့ မုံရွာ - အမြင့်လမ်းသပိတ်ဦး ဆောင်ကော်မတီ ဆီက သိရပါတယ်။ 

သြဂုတ် ၁၃ ရက်မှာ မုံရွာမြို့နယ်အတွင်းရှိ “စွမ်းရည်ထက်” ဆီဆိုင်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ ထိခိုက်ခဲ့တဲ့အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၉ ဦး တို့ကို နိုဝင်ဘာ ၂၅ ရက်မှာ ထောက်ပံ့ငွေပေးခဲ့တာလို့ ဆိုပါတယ်။  

"ထိခိုက်တာကတော့ ခေါင်း၊ ခြေ၊ လက် နေရာစုံ ထိခိုက်ဒဏ်ရာရခဲ့တာပါ။ အခုတော့ စိတ်ချရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ထောက်ပံ့ငွေတွေပေးခဲ့ပါတယ်" လို့ မုံရွာ - အမြင့်လမ်း သပိတ်ကော်မတီဝင် ကောက်ကောက်က ပြောပါတယ်။

လက်နက်ကြီးစထိမှန်ဒဏ်ရာနဲ့ ဆေးကုသနေသူတွေကို ပြည်တွင်း၊ ပြည်ပအလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ လူနာ ၁ ဦးကို ၃ သိန်းကျပ်နှုန်းနဲ့ ၂၆ ဦးအတွက် ၇၈ သိန်းကျပ်ကို မုံရွာ - အမြင့်လမ်း သပိတ်ဦးဆောင် ကော်မတီက တဆင့်ခံ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။ 

လက်ရှိ ဒဏ်ရာရသူတွေထဲက အများစုဟာ သက်သာနေကြပြီး ရင်ဘတ်နဲ့ဦးခေါင်းမှာ ထိခိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးကတော့ ဆေးကုသနေရဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ပုံစာ - ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ငွေပေးနေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10