သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူအချို့ ဟာ နိုဝင်ဘာ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ တော်လှန်ရေးလှုပ်ရှားမှုတခုအနေနဲ့ မီးပုံပျံလွှတ်တာ၊ ဆီမီးပူဇော်တာအပြင် တပ်ဖွဲ့ဝင်တွေကို လက်ဆောင်တချို့ အမှတ်တရပေးခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အရာတော် လူထုသပိတ်စစ်ကြောင်း၊ မြင်းမူမြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူများ၊ မြင်းမူမြို့နယ် ဒေသခံပြည်သူလူထုများနဲ့အတူ ပူးပေါင်းကာ မြင်းမူမြို့နယ် ကျေးရွာတွေမှာ "အဖိနှိပ်ခံပြည်သူလူထု အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရန်" မျှော်မှန်းပြီး တော်လှန်မီးပုံးပျံများ လွှတ်တင်ခဲ့ကြတာလို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။
အခုလို ပြည်သူလူထုတွေ ပူပေါင်းပါဝင်တဲ့ပွဲမှာ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီဝင် ရဲဘော်တွေကလည်း ဝန်းရံခဲ့ကြတယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်မှာတော့ တော်လှန်ရေးလှုပ်ရှားမှုအပြင် တန်ဆောင်မုန်းလပြည့်နေ့ အမှတ်တရအဖြစ် မြို့နယ် ပအဖ နာယက၊ ပအဖ ခေါင်းဆောင်တွေက ပကဖ ရဲဘော်တွေ ဆောင်းတွင်းမှာ ဝတ်ဆင်ဖို့အတွက် အနွေးထည်ကိုယ်စီ လက်ဆောင်ပေးခဲ့ပြီး လိုအပ်တဲ့ တကိုယ်ရည်သုံး အသုံးအဆောင်ပစ္စည်းတွေကိုလည်း မဲဖောက်ကာ ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ပကဖ ရဲဘော်တွေကလည်း တန်ဆောင်မုန်းလပြည့်ညမှာ မီးထွန်းပြီး တော်လှန်ရေးသီချင်းတွေကို လက်ခုပ်တီးကာ သံပြိုင်သီဆိုခဲ့ကြတယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ပဲခူးတိုင်း #တန်ဆောင်တိုင် #အာဏာရှင်ဆန့်ကျင်ရေး
Share Share Share