စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ WAB ဦးဆောင်ပြီး လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုပြုလုပ်ခဲ့ (ရုပ်/သံ)

ဒီဇင်ဘာလ ၁၀ ရက်မှာကျရောက်ခဲ့တဲ့ ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးမဟာမိတ်အင်အားစု Women Alliance Burma - WAB အဖွဲ့က ဦးဆောင်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

WAB အဖွဲ့ဝင်တွေနဲ့ ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ၊ ကနီမြို့နယ်ပညာရေးဘုတ် အဖွဲ့၊ ပြည်သူ့အခြေပြုကျောင်းတွေက ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ကျောင်းသူတွေပူးပေါင်းပြီး ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ကနီမြို့နယ်၊ မုံရွာမြို့နယ်၊ ဝက်လက်မြို့နယ်နဲ့ မြိုင်မြို့နယ်တို့မှာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။

WAB အဖွဲ့ဝင်အမျိုးသမီးတွေက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း-UDHR ပါ အချက်တွေ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက် ရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် - CEDAW နဲ့ ပတ်သက်တဲ့အကြောင်းအရာ တွေ ကျား၊မရေးရာအခြေပြု အကြမ်းဖက်မှု - GBV ဆိုင်ရာ အသိပညာတွေကို မျှဝေပေးခဲ့တယ်လို့ WAB ရဲ့အဖွဲ့ဝင် ဆရာမ မနွယ်နွယ်မိုးက ပြောပါတယ်။ 

ဒါ့အပြင် ကနီမြို့နယ်ပညာရေးတာဝန်ခံဦးဝင်းဌေးတို့မိသားစုအသတ်ခံရမှုအတွက် အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိရေးအတွက်လည်း အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ကတဆင့် တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

အလားတူ WAB အဖွဲ့ဝင်တွေနဲ့ ဒေသခံတွင်းတော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကျား/မအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် နိုဝင်ဘာ ၂၅ ရက် ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တာ ဖဲကြိုးဖြူ ကမ်ပိန်းလှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #လူ့အခွင့်အရေးနေ့ #လှုပ်ရှားမှု  #WAB

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10