မကတတ်ဘဲ ဇာတ်ထောင်တဲ့ စစ်တပ် (ရုပ်သံဆောင်းပါး)

ကိုဗစ်ကာလတွေတုန်းက ပြည်သူ့အစိုးရနဲ့အတူတူ ပရဟိတသမားပေါင်းများစွာဟာ ပြည်သူလူထုအတွက် ရုန်းကန်ကူညီပေးခဲ့ကြတာဟာ အားလုံးအသိပါ။ 

ဒီလိုပဲ အာဏာသိမ်းတော့ ပရဟိတကူညီပေးတဲ့သူတွေကို ရိုက်နှက်သတ်ဖြတ်ခဲ့ကြတာဟာလည်း စစ်တပ်ဆိုတာ ပြည်သူတွေ အသိဆုံးပါ။ 

ပရဟိတသမားတွေကို ဖမ်းဆီး၊ ရိုက်နှက်သတ်ဖြတ်တာအပြင် ပြည်သူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ မြို့ပြနဲ့ ကျေးလက်မှာရှိတဲ့နေအိမ်တွေ ဆေးရုံ၊ စာသင်ကျောင်းတွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာ၊ အမျိုးသမီးငယ်နဲ့ သက်ကြီးရွယ်အိုသာမက ကိုယ်ဝန်ဆောင်ပါမချန် မုဒိန်း ပြုကျင့်ခဲ့တာလည်း စစ်တပ်ပါပဲ။ 

စစ်တပ်က ဒီလိုတွေ လက်သံပြောင်ခဲ့တာကြောင့် အခုမြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုတွေဖြစ်တဲ့အခါ ကူညီပေးမယ့်သူတွေဆိုတာ တော်တော်ရှားပါးသွားပြီ။ 

မြန်မာနိုင်ငံမှာ နှစ်စဥ် ဇွန်လနဲ့ ဇူလိုင်လတွေမှာ မိုးရွာသွန်းမှုများပြားတာကြောင့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း စတဲ့မြစ်တွေမှာ မြစ်ရေကြီးတဲ့အခါ ရေဘေးကြုံရတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူတိုင်းနဲ့ ဧရာဝတီတိုင်း မြစ်၊ ချောင်းအနီးနေထိုင်သူတွေကို စစ်တပ်က ကူညီပေးရကောင်းမှန်းမသိဘူး။

ဒီလိုရေကြီးတာတွေကို မိုလေးဝသ သတိပေးချက်ထုတ်ပြန်တာ၊ မြစ်ရေကြီးမှုအန္တရာယ်၊ ပိုးမွှား၊ လျှပ်စစ်၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကြိုတင်သတိပေးတာ၊ အချိန်မီပြောင်းရွှေ့တာ၊ ပြည်သူကို သတိပေးဖို့ လိုအပ်တယ်ဆိုတာလည်း သူတို့အလုပ် မဟုတ်သလိုပါပဲ။ သူတို့လုပ်တယ်ဆိုတာ သူတို့စစ်တပ် ဝါဒဖြန့်ရုံမျှ အတွက်သာ လုပ်တာမျိုးပါ။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #အတွေးအမြင် #စစ်ကောင်စီ #ရေဘေး #ကူညီကယ်ဆယ်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10