စုဖွဲ့မှုအားကောင်းလာစေဖို့ ဂန့်ဂေါက PDF ၅ ရင်း ပူးပေါင်းလေ့ကျင့် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းက PDF တပ်ရင်း ၅ ရင်း စုပေါင်းပြီး လေ့ကျင့်မှုတွေစတင်ပြုလုပ်နေပြီလို့ စက်တင်ဘာ ၂၂ ရက်မှာ ခရိုင်တပ်ရင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါခရိုင်အတွင်းရှိ အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ စတဲ့တပ်ရင်း ၅ ရင်းပူးပေါင်းကာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ ပိုမိုကျစ်လစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ၂၀၂၄ ဇူလိုင် ၂၄ ရက်က စတင်ကာ စုဖွဲ့လေ့ကျင့်နေကြတာပါ။

စုဖွဲ့မှုလေ့ကျင့်နေစဥ်ကာလအတွင်းမှာလည်း ထီးလင်းနဲ့ဆောနယ်တွေမှာ စစ်ရေးလှုပ်ရှားနေသလို အခုလိုစုဖွဲ့လေ့ကျင့်တာနဲ့ပတ်သက်ပြီး ခရိုင်ကွပ်ကဲရေးအဖွဲ့ကတဆင့် ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက်ထုတ်ပေးခဲ့တာလည်းရှိတယ်လို့ စုဖွဲ့လေ့ကျင့်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီလို တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှုကို ဒေါက်တာတေဇာဆန်း အပါအဝင် NUG MOD မှ တာဝန်ရှိသူများ လာရောက်ခဲ့ကြပြီး တပ်ဖွဲ့ဝင်ရဲဘော်တွေကို ဩဝါဒစကားပြောတာ၊ စိတ်ခွန်အားပေးတာနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကိုလည်း ချပြဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်ရင်းတွေစုဖွဲ့လေ့ကျင့်နေတဲ့ ကာလအတွင်း တပ်ရင်းတွေဆီကို လက်နက်ခဲယမ်းနဲ့ CDM ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးရှိပြီး ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့်ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါခရိုင် #PDF #ဒေသတွင်း #စုပေါင်းလေ့ကျင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10