ဗျူဟာ ၄၂ အတွက် စုဖွဲ့မှုအားကောင်းဖို့ လက်နက်ခဲယမ်းများ MOD တပ်ဆင်ပေး (ရုပ်/သံ)

ယင်းမာပင်ခရိုင်ထဲက တပ်ရင်း ၅ ရင်းနဲ့စုဖွဲ့ထားတဲ့ ဗျူဟာ ၄၂ကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က လက်နက်တပ်ဆင်းပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ အတွက် လက်နက်တပ်ဆင်ပေးပွဲမှာ ရရှိခဲ့တဲ့ လက်နက်တွေနဲ့ တိုက်ပွဲဝင်နေကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

တပ်ရင်း ၁ ရင်းကို လက်နက် ၁၃ လက်စီရရှိကာ တပ်ရင်း ၄ ရင်းစာအတွက် ၅၂ လက်ရရှိခဲ့ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၃၉ ကတော့ အခုလ စက်တင်ဘာ ၇ ရက်မှ ဝင်ရောက်လာတဲ့အတွက် လက်နက်တပ်ဆင်ပေးဖို့ကျန်နေသေးတယ်လို့ ပြောပါတယ်။

ဗျူဟာ ၄၂ အတွက် NUG၊ MOD က တပ်ဆင်ပေးတဲ့ လက်နက်တွေထဲမှာ MA 1 ၂၄ လက်၊ ပါရီသေနတ် ၂၈ လက် နဲ့ ကျည် ၁၀,၄၀၀ တောင့်ကို တပ်ဆင်ပေးခဲ့တာပါ။

အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ မှာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁၊ တပ်ရင်း ၁၇၊ တပ်ရင်း ၂၈၊ တပ်ရင်း ၂၉ နဲ့ တပ်ရင်း ၃၉ တို့ ပါဝင်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ယင်းမာပင် #ဗျူဟာ၄၂ #လက်နက်ခဲယမ်း #တပ်ဆင် #MOD 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10