ရွှေဘိုခရိုင်တပ်ရင်း ၁၈ ရိက္ခာအတွက် စပါးဧက ၂၀ စိုက်ပျိုး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈ က ရဲဘော်တွေဟာ ရိက္ခာဖူလုံဖို့အတွက် သြဂုတ် ၁၉ ရက်ကစပြီး မိုးစပါးစိုက်ပျိုးနေကြတယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

မိုးစပါးအဖြစ် ဧရာမင်းနဲ့ ရက် ၉၀ သက်တမ်းရှိတဲ့ စပါးမျိုးတွေကို နောက်တန်းမှာတာဝန်ကျတဲ့ ရဲဘော်တွေက ဦးစီးစိုက်ပျိုးနေကြတယ်လို့ နေမျိုးပဲခူး (တပ်ထောက်တာဝန်ခံ)က ပြောပါတယ်။

ဒေသခံတောင်သူ ၅ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို အခကြေးငွေမပေးရဘဲ စိုက်ပျိုးခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရာမှာ မြေထွန်ယက်ခ၊ စပါးမျိုး၊ ဓာတ်မြေသြဇာ၊ ပျိုးနှုတ်ခ၊ ကောက်စိုက်ခ စတဲ့အထွေထွေကုန်ကျစရိတ် စုစုပေါင်း သိန်း ၅၀ ကျပ်ခန့်ကုန်ကျတယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း ၁၈ မှာ နှစ်စဥ် စားနပ်ရိက္ခာဖူလုံဖို့အတွက် စပါးစိုက်ပျိုးတာအပြင် ဆီထွက်သီးနှံ မြေပဲ၊နှမ်းနဲ့ ကြက်သွန်နီလည်း စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရွှေဘို #ခရိုင်တပ်ရင်း၁၈ #ရိက္ခာ #စပါးစိုက်ပျိုး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10