သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြကန်သာရွာရှိ ပျူစောထီးတပ်ဖွဲ့စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေနဲ့အတူ ၁ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၈ ဆီက သိရပါတယ်။
ပျူစောထီးအင်အား ၆၀ ကျော်ရှိတဲ့ အဲ့ဒီစခန်းကို ဒီဇင်ဘာ ၂၅ ရက် ည ၁၁ နာရီခန့်မှာ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပျူစောထီးတပ်ဖွဲ့ဝင်တွေ မြကန်သာရွာကနေ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
"ခုခံတိုက်တဲ့သူတွေကိုပဲ တိုက်ခိုက်ခဲ့တာပါ။ တခြားသူတွေကို ဘာမှမလုပ်ခဲ့ပါဘူး။ ပျူ ၁ ယောက်သေတယ်။ ၁ ယောက်ကိုအရှင်ဖမ်းမိတယ်" လို့ ရွှေဘိုခရိုင်တပ်ရင်း ၈ ယာယီတပ်ရင်းမှူး သူရက ပြောပါတယ်။
တိုက်ပွဲအတွင်း BA 63 G3 သေနတ် ၂ လက်၊ ကာဘိုင်သေနတ် ၃ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဆန်မျိုးစုံအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆက် ပြောပါတယ်။
တိုက်ပွဲပြီးဆုံးပြီးနောက် ကျေးရွာအတွင်း လက်နက်မကိုင်တဲ့ပျူစောထီးတွေနဲ့ မိသားစုတွေကို အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ကြဖို့ ပြောဆိုဆွေးနွေးခဲ့ပြီး ည ၁၂ ကျော်မှာ မြကန်သာကျေးရွာကနေ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။
မြကန်သာရွာက ပျူစောထီးအထိုင်စခန်းတွေဟာ ကန့်ဘလူဒေသပျူစောထီးခေါင်းဆောင် ဘုန်းကြီး ဥူးဝါသဝလက်အောက် ပျူစောထီးစခန်းဖြစ်ပြီး ၂၀၂၃ ဇန်နဝါရီလက စတင်ကာ ကန့်ဘလူအခြေစိုက် စစ်ကောင်စီရဲ့အမှတ် ၆၀၀၆ တင့်ကားတပ်က ကွပ်ကဲနေတာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ - ဖမ်းဆီးရမိတဲ့ပျူစောထီးနဲ့လက်နက်ခဲယမ်းတွေကို တွေ့ရစဥ်။
စာတည်း - ဟိန်းစံ။
#မြေလတ်အသံ
#စစ်ကိုင်း #ကန့်ဘလူ #ပျူစောထီး #တိုက်ပွဲ #သေဆုံး #ဖမ်းမိ
Share Share Share