ပေါင်းတည်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

ပေါင်းတည်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းရွာအနီး၊ တာဝါတိုင်စစ်တပ်အထိုင်စခန်းက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိသွားတယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁  တပ်ရင်းဆီက သိရပါတယ်။

တာဝါတိုင်စစ်တပ်စခန်းကနေ နတ္တလင်းမြို့နယ်ဘက်ကို ထွက်ခွာလာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို လှေကထောင်တဲတိုက်အနီးကိုရောက်ချိန် ဒီဇင်ဘာလ ၁၉ ရက်က မနက် ၁၀ နာရီခွဲခန့်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

" လက်နက်ငယ်တွေနဲ့ပစ်ခတ် တိုက်ခိုက်ကြတယ်။ တိုက်ပွဲအတွင်းမှာပဲ ၂ယောက်လဲကျတာ မြင်ရတယ်။ ၁ ယောက်က ပြန်မပစ်နိုင်တော့ဘူး။" လို့ ၃၆၀၁ PPDF တပ်ရင်း ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံး၊ ဒဏ်ရာရသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို လှေကထောင်တဲတိုက်အနီးနေထိုင်တဲ့ ဒေသခံပြည်သူရဲ့ နွားလှည်းနဲ့ နတ်တလင်းမြို့ဘက်ကို သယ်ယူသွားတယ်လို့ သူကဆက်ပြောပါတယ်။

အခုလိုတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၂ က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ညနေပိုင်းကလည်း ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းရွာတာဝါတိုင်အထိုင်စခန်းကို အင်အား ၅၀ ဦးပါ စစ်ကောင်စီတပ်စစ်ကြောင်းလာရောက်ချိန် လမ်းပိုင်းတနေရာမှာ  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို တွေ့ရစဥ်။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #စစ်တပ် #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10