ရွာ ၈ ရွာ အတွက် ကျေးရွာချင်းဆက်လမ်းကို သပိတ်ကျင်း ပကဖဖောက်လုပ်ပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တောင်ပိုင်းက ကျေးရွာ ၈ ရွာအတွက် ကျောက်ချောလမ်းသစ်ကို ဖောက်လုပ်ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီလမ်းကို ၂၀၂၄ စက်တင်ဘာ ၁၉ ရက်ကနေ ဒီဇင်ဘာ ၁၂ ရက်အထိ ၃ လကြာဖောက်လုပ်ခဲ့ပြီး အကျယ် ၂၈ ပေ၊ လမ်းအရှည် မီတာ ၇၀၀၀ ကျော် (ပေ ၂၂၀၀၀ ကျော်) ၄ မိုင်ဝန်းကျင် ရှိပြီး ကုန်ကျစရိတ်သိန်း ၃,၀၀၀ ကျော် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလမ်းဟာ ကျေးရွာချင်းဆက်ထားတဲ့လမ်းဖြစ်သလို သပိတ်ကျင်းမြို့ပေါ်အထိသွားလာလို့ရပြီး ယာဉ်ကြီးယာဉ်ငယ်အားလုံးအသုံးပြုလို့ရတဲ့ ကျောက်ချောလမ်းဖြစ်ပါတယ်။

အခုဖောက်လုပ်ထားတဲ့လမ်းဟာ အရင်က မြေလွတ်မြေရိုင်းနေရာတွေမှာ ဖောက်လုပ်ထားတာဖြစ်ပြီး သပိတ်ကျင်းတိုက်နယ်နဲ့ အနီးဝန်းကျင် ပကဖအဖွဲ့ ရံပုံငွေတွေ၊ ဒေသခံပြည်သူတွေ ထည့်ဝင်တဲ့ငွေကြေးတွေနဲ့  ဗိုလ်လင်းယုန်ပကဖအဖွဲ့က ဦးဆောင်ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အသစ်ဖောက်လုပ်ထားတဲ့ ကျောက်ချောလမ်းသစ်ကိုကျေးရွာ ၈ ရွာက ပြည်သူတွေ အသုံးပြုသွားလာနေကြပြီဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#သပိတ်ကျင်း #ရွာလမ်း #ကျောက်ချောလမ်း #လမ်းဖောက် #ပကဖ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10