သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာနယ်မြေရဲစခန်းကို လေယာဉ်နဲ့လာချပေးတဲ့ ကျည်ဆန်နဲ့ရိက္ခာထုပ် ကာကွယ်ရေးတပ်ဖွဲ့စခန်းနားကျလို့ ကျည်ဆန်ထောင်နဲ့ချီရရှိခဲ့တယ်လို့ ပြည်သူအခြေခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၁ ရက် မနက် ၃ နာရီကျော်မှာ ခဲယမ်းနဲ့ရိက္ခာပါအထုပ်တွေကို ရှိန်းမကားရွာအနောက်ဘက်ရှိ ရဲစခန်းအတွင်းချပေးရာမှာ အဲ့ဒီထဲက ၁ ထုပ်က ကာကွယ်ရေးတပ်ဖွဲ့စခန်း အနီးကျရောက်လာတာလို့ ဆိုပါတယ်။
" ရိက္ခာနဲ့ခဲယမ်းထုပ်တွေ ရဲစခန်းနားချပေးတာပါ။ ခဲယမ်း ၁ ထုပ်က ကျနော်တို့စခန်းနားကျတော့ ကျနော်တို့ရခဲ့တယ်"လို့ ကျည်ဆန်နဲ့ရိက္ခာထုပ်ရရှိခဲ့တဲ့ ပြည်သူ့အခြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ရရှိခဲ့တဲ့ အထုပ်ထဲမှာ ၅.၅၆ မမ ကျည်ဆန် ၁,၀၀၀ ကျော်ပါ (ကျည်ဆန်ဘူး ၂၀ ဘူးပါ အထုပ် ၄ ထုပ်)နဲ့ အခြားရိက္ခာခြောက်တွေပါဝင်ပြီး ရရှိတဲ့ကျည်ဆန် ၁,၀၀၀ ကျော်ကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ နတ်တော်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့က ခွဲဝေယူခဲ့ကြတယ်လို့ သူကဆက်ပြောပါတယ်။
ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီခွဲမှ ည ၇ နာရီအကြားမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ရှိန်းမကားရွာအနောက်ဘက်ကို ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဇန်နဝါရီ ၂ ရက် မနက်အစော ၃ နာရီလောက်မှာ အခုလို ခဲယမ်းနဲ့ရိက္ခာထုပ်တွေလာချပေးသွားတာလို့ သူက ဆိုပါတယ်။
ရှိန်းမကားရွာအနောက်ဘက် ၁မိုင်ခွဲခန့်အကွာမှာ ရွှေဘိုခရိုင်နဲ့စစ်ကိုင်းခရိုင်ကို ဆက်သွယ်ထားတဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို အထက်ပါတော်လှန် ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ၁ နှစ်ကျော်ကြာပြီလို့ သိရပါတယ်။
၂၀၂၂ ဇန်နဝါရီလကစတင်ကာ ရှိန်းမကားရွာရဲစခန်းမှာ ရဲတွေအပြင် စစ်သားအင်အား ၅၀ကျော် စခန်းချတပ်စွဲထားခဲ့ပြီး ယခင်က၎င်းတို့ထံကို ဧရာဝတီမြစ်ရေကြောင်းလမ်းကနေ ရိက္ခာ/ခဲယမ်း ပို့ဆောင်လေ့ရှိတယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိန်းမကားရွာမှာတပ်စွဲထားပြီးနောက် အိမ်ခြေ ၁,၅၀၀ ကျော်ရှိတဲ့ ရှိန်းမကားရွာနေ ဒေသခံပြည်သူ ၅,၀၀၀ ကျော်က ဘေးလွတ်ရာမှာ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
ပုံစာ - လေယာဉ်ပေါ်မှကျလာသည့် အထုပ်ကိုတွေရစဥ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ရှမ်းမကားရဲစခန်း #ရိက္ခာခဲယမ်း #လေကြောင်း #သတင်း
Share Share Share