သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းအခြေစိုက် စစ်ရေးလှုပ်ရှားနေတဲ့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဆီကို ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်လာခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
အလင်းဝင်လာသူဟာ ကျောက်ဆည်အခြေစိုက် ဆက်သွယ်ရေးတပ်က အသက် ၃၀ နှစ်အရွယ် တပ်သားဇော်ဦးမောင် ဖြစ်ပြီး လက်နက်ခဲယမ်းမပါဘဲ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
"တပ်ဖွဲ့ကို အလင်းဝင်လာတာ သူကပထမဆုံးပါ။ လမ်းခရီးမှာစစ်ဆေးတာများလို့ လက်နက်မပါတာပါ" လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ Someday က ပြောပါတယ်။
အလင်းဝင်ဖို့အတွက် ပြီးခဲ့တဲ့သြဂုတ်လအစောပိုင်းမှာ ချိတ်ဆက်လာတာဖြစ်ပြီး လုံခြုံရေးတင်းကျပ်ထားတာကြောင့် ချက်ချင်းအလင်းမဝင်ရောက်နိုင်ခဲ့တာလို့ သိရပါတယ်။
သူ့မှာလက်နက်ခဲယမ်းတွေမပါလာပေမယ့် သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တပ်ရင်းတပ်ဖွဲ့တွေက ဆုငွေချီးမြှင့်ဖို့ စီစဥ်နေတယ်လို့ တာဝန်ခံ Someday က ပြောပါတယ်။
စစ်တပ်လက်အောက်မှာတာဝန်မထမ်းဆောင်လိုဘဲ အလင်းဝင်လာသူတွေကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့အနေနဲ့ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #ယူနီကွန်း #စစ်ကောင်စီတပ်သား #အလင်းဝင်
Share Share Share