လက်ပံတန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ဇနီး ပစ်သတ်ခံရ

လက်ပံတန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ဇနီး ပစ်သတ်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မကျီးကွင်းအုပ်စု၊ ရွှေဘိုစုကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ဖေဖော်ဝါရီ ၁၂ ရက်မှာပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

သေဆုံးသူတွေဟာ ရွှေဘိုစုကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၆၅ နှစ်အရွယ် ဦးသိန်းဝင်းနဲ့ ဇနီးဖြစ်သူ အသက် ၆၁ နှစ်အရွယ်ဒေါ်စန်းစန်းတို့ဖြစ်ပါတယ်။ 

ညနေ ၄ နာရီ ၄၅ မိနစ်ခန့်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အုပ်ချုပ်ရေးမှူးဦးသိန်းဝင်းကို ဖမ်းဆီးဖို့သွားချိန်မှာ လက်ပစ်ဗုံးနဲ့ပြန်ပစ်ဖို့လုပ်တာကြောင့် ခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"လက်ပစ်ဗုံးက စနက်တံမပြုတ်သေးတာပါ။ ခုခံဖို့လုပ်တော့ သူနဲ့အတူရှိတဲ့ အမျိုးသမီးပါ ရှင်းခဲ့ရတယ်" လို့ ရွှေတန်းမြေကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုကိုအောင်က ပြောပါတယ်။

အလောင်းတွေကိုတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။

အဲ့ဒီအုပ်ချုပ်ရေးမှူးဟာ ပြည်သူတွေဆီကို စစ်မှုထမ်းကြေးအဓမ္မတောင်းခံကာ မပေးနိုင်သူတွေကိုလည်း ဖမ်းဆီးဖို့လုပ်နေပြီး ဒေသခံပြည်သူတွေကသတင်းပေးတိုင်ကြားထားတာတွေရှိတယ်လို့ ရွှေတန်းမြေကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုကိုအောင်က ပြောပါတယ်။

ရွှေဘိုစုရွာ အုပ်ချုပ်ရေးမှူးဟာ ၂၀၂၄ ခုနှစ်ကစပြီး လစဉ်အိမ်ထောင်စုအလိုက် ၃၀,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ်အထိ လစဥ်တောင်းနေတာကို အခုနှစ် ဇန်နဝါရီလအစောပိုင်းမှာ ဒေသခံတွေကတိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုက်ခိုက်ရေးတပ်ခွဲ -ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေ ပူပေါင်းလုပ်ဆောင်ခဲ့တာ လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #အုပ်ချုပ်ရေးမှူး #အသတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10