ရုပ်သံ

ရွှေစက်တော်ဘုရားဖူးနည်းလို့ စစ်ကောင်စီက စရိတ်ငြိမ်းနေ့စားခနဲ့လူစုပြီး လိုက်ပို့၊ Non -CDM တွေကိုလည်း အလှည့်ကျသွားခိုင်း (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲကို စရိတ်ငြိမ်းပို့ဆောင်ပေးမယ်ဆိုကာ မကွေးမြို့ပေါ်ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေက လူလိုက်စုနေပြီး စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်ဆဲ Non-CDM နဲ့မိသားစုဝင်တွေကိုလည်း ရွှေစက်တော်ကို အလှည့်ကျသွားရောက်ဖို့ ညွှန်ကြားထားတယ်လို့ မြို့ခံတွေနဲ့ Non-CDM အသိုင်းအဝိုင်းထံက သိရပါတယ်။

ရန်ကုန်-ပြည်ကားလမ်းဘေး စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၈ ဦးသေ(ရုပ်/သံ)

“အဲ့ဒီ စစ်ဆေးရေးဂိတ်မှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်‌ရေးမှူးနဲ့ ပျူစောထီးတွေ အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်၊ အဲ့ဒီမှာနေတာ။ စစ်ကောင်စီ**ဘက်က ၇ ဦးသေဆုံးတယ်။ လက်နက်တွေနဲ့ ဒဏ်ရာရသူတွေကိုတော့ ဒရွတ်တိုက် အမှောင်ဘက်ကိုဆွဲသွားတယ်။ ကျန်တဲ့ ၆ ဦးလောက်လည်း ဒဏ်ရာအပြင်းအထန်နဲ့ ပြေးသွားရတယ်။ စစ်ကွင်းမြို့ထဲကိုလည်း သူတို့‌တတွေ အလံဖြူထောင်ပြီးပြေးရတယ်။ ပြေးရတော့လည်း ပုဆိုးမနိုင်ပဝါမနိုင်နဲ့ ပြေးသွားကြရတယ်။”

မြောင်မှာတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄ ဦးသေဆုံး(ရုပ် / သံ)

“လှေတင်ဦးရွာကို လက်နက်ကြီးနဲ့ မြောင်ရဲစခန်းကနေပစ်လို့ ပြည်သူ ၁ ဦးထိခိုက်သေဆုံးခဲ့တယ်။ စစ်တပ်မင်္ဂလာဆောင်ကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပစ်ကူတောင်းလို့ ကျနော်တို့ ပစ်ရောက်တိုက်ခိုက်စဉ်မှာ စစ်တပ်ကလေယာဉ်ပစ်ကူတောင်းတဲ့အချိန်မှာ လေယာဉ်ပစ်ကူမလာနိုင်ဘဲနဲ့ စစ်တပ်လေထီးတပ် စက်တပ်ယာဉ် ၂ စီးနဲ့ မုံရွာမြို့ နမခကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်”

အသေမခံဘဲ ပြန်အဖမ်းခံခဲ့တဲ့ တပ်မ ၈၈ က ဒုတပ်ရင်းမှူးကို စစ်ကောင်စီတပ်က ဖိအားပေးတာဝန်ပြန်ထမ်းခိုင်း (ရုပ်/သံ)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်မှာ စစ်ဆင်ရေးအမိန့်မနာခံမှုနဲ့ဖမ်းဆီးခံထားရတဲ့ တပ်မ ၈၈ က ဒုတပ်ရင်းမှူး ၁ ဦးကို စစ်ကောင်စီတပ်က မူလရာထူးအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဖိအားပေးစေခိုင်းနေတယ်လို့ ပဒါန်းတပ်နယ်နဲ့နီးစပ်သူတဦးဆီက သိရပါတယ်။

မြေလတ်ပေးစာ (Podcast)

- ပေါက်ခေါင်း-တောင်ငူကားလမ်းပိုင်းတလျှောက် သစ်ခိုးထုတ်မှုတွေများပြားနေ။ - မိုင်းရယ်ပညာရေးဌာနမြို့နယ်မှူးနဲ့စာရေးပေါင်းပြီး ဆရာ၊ ဆရာမတွေအပေါ် ငွေကြေးကောက်ခံနေ။ - ညောင်ဦးမြို့က ကျေးရွာတွေမှာ ပြည်သူပိုင်ပစ္စည်းတွေကို ယူနေတဲ့ စစ်ကောင်စီတပ်။

MVRF ရဲ့စုဖွဲ့လေ့ကျင့်မှုသင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

“အဓိကတော့ နိုင်ငံရေးရေချိန်မြှင့်တင်ဖို့စုဖွဲ့လေ့ကျင့်မှုသင်တန်းပေးခဲ့တာ၊ တော်လှန်ရေးကာလကလည်း အချိန်အားဖြင့်ကြာခဲ့ပြီ၊ ကျနော်တို့ ရဲဘော်တွေအနေနဲ့ စိတ်ခံစားမှုတွေ စိတ်ပင်ပမ်းမှုတွေ ရှိတယ်၊ ဒီဟာတွေကို ကျနော်တို့ နိုင်ငံရေးရဲ့ လက်ရှိအခြေအနေမှာ နိုင်ငံရေးရေချိန်တွေ တော်လှန်ရေး ရေချိန်တွေနဲ့ မြှင့်တင်ဖို့ကြိုးစားတာပါ”

PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကျင်းပ  (Reel)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို မတ် ၁၅ ရက်နေ့မှာ လွတ်မြောက်ဒေသ တနေရာတွင် ကျင်းပခဲ့တယ်လို့ PLA ကထုတ်ပြန်ပါတယ်။

ပျူစောထီးရိက္ခာသယ်ကားကို ကြားဖြတ်တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး ကားကိုမီးရှို့ဖျက်ဆီး (ရုပ်/သံ)

"ဖြတ်တိုက်တဲ့အချိန်မှာ ကား ၂ စီးက ရပ်သွားပြီးတော့မှ လူတွေက အကုန်ထွက်ပြေးသွားတယ်။ ထိတွေ့တိုက်ပွဲက ၁ နာရီကျော်ကျော် ကြာလိုက်တယ်။ ရွှေဘိုကျွန်းတောလမ်းပေါ့နော်။ အဲ့လိုဖြစ်နေချိန် ရွှေဘိုမြို့ကညန ကနေ လက်နက်ကြီးပစ်ကူပေးတယ်။ မြေခွန်ဘက်က ပေါသိန်းတို့ ပျူအုပ်စုကလည်း ကျနော်တို့ဘက်ကို ထိုးစစ်ဆင်တယ်။ "

ကလေးငယ်တွေအပါ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ လက်ပံလှရွာလေကြောင်းတိုက်ခိုက်မှု (ရုပ်/သံ)

"လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ဖြစ်ဖြစ်ချင်းကတော့ On the sport, dead body ၁၁ လောင်းပါ။ ကျန်တဲ့သူတွေကတော့ ဆေးဝါးကုသမှုခံယူနေစဥ်မှာဘဲ အသက်ဆုံးရှုံးသွားကြတာတွေပါ။ ကလေးငယ်က ၆ ဦးသေဆုံးထားပါတယ်"

ပျောက်ဆုံးနေတဲ့ မန္တလေးကဆယ်ကျော်သက်ညီအကို ကို ၈ ရက်အကြာမှာ သေဆုံးလျက်တွေ့ခဲ့ပြီး လူငယ်ချင်းသတ်ဖြတ်မှုဖြစ်ကြောင်း ရဲစခန်းက အကြောင်းကြားထား(ရုပ်/သံ)

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ညောင်ပင်သာရွာကနေ ပျောက်ဆုံးနေတဲ့ ညီအကို ၂ ဦးကို ၈ ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံး၊ အရာရှိ ၂ ဦးအပါ ၁၄ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

<iframe width="853" height="480" src="https://www.youtube.com/embed/lR3YndEcfZc" title="နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံး၊ အရာရှိ ၂ ဦးအပါ ၁၄ ဦး အရှင်ဖမ်းမိ" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share" referrerpolicy="strict-origin-when-cross-origin" allowfullscreen></iframe>

မြေလတ်ပေးစာ (Podcast)

- PDF လေးတွေဘေးကင်းပါစေ၊ တော်လှန်ရေးလည်းအမြန်အောင်ပါစေဆိုတဲ့စာ။ - ညောင်ကျိုးတိုက်ပွဲကြောင့် တိမ်းရှောင်နေရသူတွေ စားနပ်ရိက္ခာအခက်အခဲရှိနေ။ - ရွှေဘိုမြို့မှာ စစ်တပ်က ပြည်သူတွေရဲ့ နွားတွေကိုလုယူသွား။

တိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးစစ်ကောင်စီတပ်စခန်းအတွက် ဥသျှစ်ပင်မြို့ခံတွေက ထမင်းထုပ်အလှည့်ကျပို့ပေးရ (ရုပ်/သံ)

"ရပ်ကွက်ထဲ ထမင်းပို့ရတဲ့စာရင်းတွေကောက်ပြီး ၁ အိမ် ၁ ထုပ်ပေးနေရတာ။အောင်ကိုက စစ်သားတွေ ဗူးသီးဖက်နဲ့ ငါးနီတူ ၃ ကောင်ပဲစားရလို့ သနားလို့တဲ့။ အိမ်တွေကို သူတို့ကိုယ်တိုင်လိုက်ယူတာလည်းရှိတယ်။ ကျန်တဲ့အိမ်တွေကတော့ ရုံးကိုပို့ရတယ်။"

နမခက စစ်ကား ၂ စီး တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး (ရုပ်/သံ)

“သံပြားကာကား ၂ စီးလုံးကို တိုက်ခိုက်ခဲ့တာ။ ၂ စီးထဲက **၁၂ ကောင်ကို ဘက်စုံ(လမ်းကွေ့)ဘက်မှာ ချပြီးတော့ ဆက်မောင်းလာတာ။ သံပြားကာကားပေါ်မှာက အနည်းဆုံး ၅၀ ခန့်ပါတယ်။ ၁၂ ကောင်လျော့မယ်ဆိုရင် အင်အားက ၃၀ ကျော်နဲ့ ၄၀ ကြားပါတယ်။ တိုက်ခိုက်တဲ့အချိန် ထွက်ပြေးတာ လည်းရှိတယ်။ ကျနော်တို့ သိရတာက ၁၇ ဦးသေတယ်။”

ပခုက္ကူ - ကမ္မလမ်းပေါ်က စစ်ကောင်စီနဲ့ပျူစောထီးဂိတ် တိုက်ခိုက်ခံရပြီး ပျူစောထီး ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

"သူတို့က ညောင်ဂျစ်ပင်ရွာ ဘုန်းကြီးကျောင်းထဲမှာ အထိုင်ချထားတာ။ ရှေ့မှာကတော့ ဂိတ်ရှိတယ်။ ဘုန်းကြီးကျောင်းထဲကနေ ရွာထဲကို ရိက္ခာထွက်ရှာတဲ့ ပုံစံပါ။ အမျိုးသမီး ၁ ဦးလည်းပါတယ်။ ကျနော်တို့အဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်တာ၊ သူတို့လမ်းပေါ်တက်ပြီး ကုန်ကားတွေကို တားတဲ့အချိန်မှာ ပစ်ခတ်မှုဖြစ်တာ၊ ပျူစောထီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10