တပတ်အတွင်း မြေလတ်သတင်း
- ပဲခူးတိုင်းထဲက PDF တပ်ရင်းတွေကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံ - ပေါက်မြို့နဲ့ မြိုင်မြို့အကြား ထိတွေ့မှု ၂ ကြိမ်အတွင်း စစ်သား ၃ ဦးနဲ့ PDF ၁ ဦး သေဆုံး - ရေစကြိုမှာ ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၁၀ ဦးသေပြီး ၁၅ ဦးဒဏ်ရာရ - မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိ - မကျီးစင်ရွာက နေအိမ် ၃၀ ခန့်နဲ့ အမျိုးသား ၁ ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ် - ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ - မိတ္ထီလာမှာ ရိုက်နှက်ဒဏ်ရာတွေရထားတဲ့ အသက် ၂ နှစ်အရွယ်မိန်းကလေး ၁ ဦးသေဆုံးသွားပြီး မိခင်နဲ့ပထွေးကို လူသတ်မှုနဲ့ရဲက ဖမ်းထား - ပြည်မြို့ပေါ် စက်သုံးဆီလုပ်ငန်းရှင်တွေဆီက လစဉ်ကြေးကောက်မယ်လို့ စစ်ကောင်စီပြော - ကောလင်းအနောက်ခြမ်းက စစ်ရှောင်အိမ်ထောင်စု ၁၂၀ ကို အခြေခံစားသောက်ကုန်များလှူဒါန်း