ရွှေ့ပြောင်းမြန်မာကလေးတွေရဲ့ မီးအိမ်ရှင် CDM ကျောင်းဆရာမ (ရုပ်သံဆောင်းပါး)

ဆရာမ အေးဝတ်ရည်ဖြိုးဟာ ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာဇာတိ ဖြစ်ပါတယ်။ 

၂၀၂၁ မတိုင်ခင်က သူဝါသနာပါတဲ့ ကျောင်းဆရာမအဖြစ် အသက်မွေးနေခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့အခါမှာတော့ သူ့အလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။ 

သူတို့ တမိသားစုလုံး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဆက်တိုက်ပါဝင်ခဲ့ပြီးနောက် စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုအန္တရာယ်ကြောင့် ရွာကို စွန့်ခွာပြီး ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။ 

ထိုင်းရောက်တဲ့အခါ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတခုနဲ့ ချိတ်မိပြီး အချိန်ပြည့်တာဝန်ထမ်းဆောင်ရင်း ပညာဒါနပေးလျက်ရှိပါတယ်။

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #ရွှေ့ပြောင်းမြန်မာ #ပညာရေး #CDM #ကျောင်းဆရာမ  

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10