ရုပ်သံ

တောင်ငူတခရိုင်လုံး ရေကြီးနစ်မြုပ်ပြီး လူသေဆုံးမှုတွေရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင်မြို့နယ်နဲ့ ဖြူးမြို့နယ်တို့မှာ ရေကြီးရေလျှံဖြစ်နေပြီး ကျေးရွာနဲ့ရပ်ကွက်ပေါင်းရာချီ ရေဘေးသင့်နေကာ လူသေဆုံးမှုလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရ ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိ (ရုပ်/သံ)

“ပိုက်ဆံထွက်ကောက်နေတဲ့ ၃ ဦးနေရာကို တည့်တည့်ကျတယ်။ ကျနော်တို့ရဲဘော်တွေက ထပ်ပြီး ဂန်းငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီ ၃ ဦးကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့‌ကောင်တွေလည်း ဒဏ်ရာရတာရှိတယ်။”

“သတိပြုစရာ ဝဲယားနာ” (Podcast)

ဝဲယားနာဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုလူတွေမှာအဖြစ်များလဲ၊ ကူးစက်ရောဂါဝဲယားနာ မဖြစ်အောင် ဘာတွေရှောင်ရဆောင်ရမလဲ၊ ဝဲယားနာဖြစ်လာရင် အနီးအနားက ဆေးဖက်ဝင် အသီး အပွင့်တွေနဲ့ဘယ်လိုကုသပေးနိုင်မလဲဆိုတာတွေကို နားဆင်ရမှာပါ။

BLDF - အညာမိုင်းတပ် ရိက္ခာအတွက် စပါး ၂ ဧက ရဲဘော်တွေကိုယ်တိုင် စိုက်ပျိုး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာအခြေစိုက်တဲ့ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF - အညာမိုင်းတပ်)က တပ်ဖွဲ့ရိက္ခာ အထောက်အပံ့ရဖို့အတွက် စပါး ၂ ဧကကို စိုက်ပျိုးထားတယ်လို့ အညာမိုင်းတပ်ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

စစ်မှုထမ်းကို ဆန့်ကျင်သူတွေနဲ့ တပ်သားသစ်တွေကို PRF က အခြေခံစစ်သင်တန်းဆင်းပေးနိုင်ခဲ့ (ရုပ်/သံ)

သင်တန်းသားတွေထဲမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း စစ်မှုမထမ်းချင်လို့ နေရပ်အသီးသီးကို ပြန်လာကြတဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် လွန်းညီ က ပြောပါတယ်။

မြေလတ်ပေးစာ (Podcast)

- စစ်ဘေးရှောင်နေသူတွေကို ကူညီကြဖို့ပြောတဲ့စာ။ - မကွေးတိုင်း၊ ရေနံ့သာအုပ်စုက လောင်းကစားဝိုင်းတွေအကြောင်း။ - တောင်တွင်းကြီးမြို့၊ ဝါးခြံကာရွာအနားမှာ စစ်တပ်က လူငယ်တွေကိုဖမ်းဆီး။

ဆားလင်းကြီးရဲစခန်းနဲ့ ထွေအုပ်ရုံးကို အလင်းဝင်ဖို့စာတွေကြဲချပြီးနောက် တိုက်ပွဲဖြစ်(ရုပ်/သံ)

ရဲနဲ့ စစ်သားအင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ ဆားလင်းကြီးမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကိုစက်တင်ဘာ ၇ ရက် မနက်ပိုင်းမှာ အလင်းဝင်ဖို့စာတွေကို Droneနဲ့ ကြဲချပြီးတဲ့နောက် ညနေပိုင်းမှာတော့ ၆၀မမလက်နက်ကြီးနဲ့ အဖူးရေ ၅၀ကျော်ပစ်ခတ်ခဲ့တဲ့အပြင် ဒရုန်းနဲ့ ပါဗုံးကြဲချခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပခုက္ကူခရိုင်ထဲက တပ်ဖွဲ့၃ခုကို စုဖွဲ့ပြီး ရဲဘော် ၁၈၂ဦးပါတဲ့ မွန်းမံသင်တန်းဆင်းပွဲ(ရုပ်/သံ)

သင်တန်းမှာ စိတ်ဓါတ်၊ စည်းကမ်း၊ အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ တည်ဆောက်ရေးတွေကိုဦးစားပေးသင်ကြားခဲ့တာဖြစ်ပြီး စုဖွဲ့ မှုနဲ့ လက်နက်တပ်ဆင်မှုတွေပြီးပါက မြိုင်မြို့နယ်အတွင်းစစ်ဆင်ရေးတွေဖော်ဆောင်သွားမယ်လို့ မြိုင်ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

မြို့တွေ စခန်းတွေကို ထိန်းချုပ်ဖို့အထိ ပြင်ဆင်ထားတယ်လို့ MBT ခေါင်းဆောင်ပြော (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်အခြေစိုက် မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger - MBT တပ်ဖွဲ့ဟာ ယခင် စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေလိုမဟုတ်ဘဲ ထိန်းချုပ်ထားနိုင်ဖို့အထိ ပြင်ဆင်နေတာဖြစ်တယ်လို့ MBT တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဗျူဟာ ၄၂ အတွက် စုဖွဲ့မှုအားကောင်းဖို့ လက်နက်ခဲယမ်းများ MOD တပ်ဆင်ပေး (ရုပ်/သံ)

တပ်ရင်း ၁ ရင်းကို လက်နက် ၁၃ လက်စီရရှိကာ တပ်ရင်း ၄ ရင်းစာအတွက် ၅၂ လက်ရရှိခဲ့ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၃၉ ကတော့ အခုလ စက်တင်ဘာ ၇ ရက်မှ ဝင်ရောက်လာတဲ့အတွက် လက်နက်တပ်ဆင်ပေးဖို့ကျန်နေသေးတယ်လို့ ပြောပါတယ်။

ကြို့ပင်ကောက်မှာ စစ်အုပ်စုစခန်းကို ဝင်တိုက်ချိန် ကျည်မလုံလောက်လို့ PDF တွေ နောက်ပြန်ဆုတ်ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်အုပ်စုစခန်းကို တိုက်ခိုက်ချိန် ကျည်မလုံလောက်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊ YOMA (GBK) PDF တပ်ခွဲမှူး ရဲဘော်ကရင်လေး က ပြောပါတယ်။

ရှေ့တန်းပြန် PDF တွေကို ဒေသခံတွေက အောင်သပြေပန်းတွေ စားစရာတွေနဲ့ ကြိုဆို (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရဲကင်းစခန်းသိမ်း တိုက်ပွဲကနေပြန်လာတဲ့ Freedom Revolution Force တပ်ဖွဲ့ဝင်တွေကို စစ်ကိုင်းတိုင်းထဲက ရွာတရွာကပြည်သူတွေက စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းကကြိုဆိုခဲ့ကြပါတယ်။

ကျောက်ရစ်ရဲစခန်း ၄ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးနဲ့ PDF ၁ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်း ၄ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးသလို PDF ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ Royal Brother Defence Force - RBDF အဖွဲ့ဆီက သိရပါတယ်။

ရှေ့တန်းပြန် BLDF ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းများနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

BLDF ရဲဘော်တွေဟာ မုံရွာခရိုင်အတွင်းမှာ စစ်ဆင်ရေး ၅ ရက်ကြာအောင်ပြုလုပ်ပြီး ပြန်လာချိန်မှာ လမ်းတဝက်မှာရှိတဲ့ပြည်သူတွေက အခုလို ပန်းတွေနဲ့ကြိုဆိုဂုဏ်ပြုခဲ့ကြတာလို့ BLDF စစ်ဒေသ၂၊ ဒုစစ်ရေးတာ၀န်ခံ ရဲဘော် နာရွဲ့ဆွမ် က ပြောပါတယ်။

မြိုင်နယ်ထဲက စစ်အုပ်စုဂိတ်နဲ့ ဌာနဆိုင်ရာရုံးတွေကို မဟာမိတ်အင်အားစုတွေ သွားရောက်တိုက်ခိုက် (ရုပ်/သံ)

8+အညာမြေစစ်ဆင်ရေး မဟာမိတ်အင်အားစုတွေဘက်က စစ်အုပ်စုဂိတ် ဘန်ကာအနီးအထိ ဝင်ရောက်နိုင်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု တနာရီကျော်ကြာမြင့်ခဲ့တယ်လို့ ပြောပါတယ်။ ဒါအပြင့် စစ်ကောင်စီ ဌာနဆိုင်ရာရုံး ၃ ခုကိုလည်း မီးရှို့ခဲ့ပြီး စစ်အုပ်စုဘက်က သေဆုံးထိခိုက်စာရင်းကိုတော့ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ တာဝန်ခံ ရဲဘော်ရှိုင်းက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10