သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ကင်မွန်းခြုံကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက ရွာသား ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် အလောင်းကိုလမ်းပေါ်ပစ်ထားပြီး လာကောက်သူတွေကိုပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရသူဟာ ပဲခူးစု၊ ခရစ်ယာန်ဘုရားကျောင်းအနီးနေသူ အသက် ၄၀ ကျော်အရွယ် ကိုပါးနီ (ခ) ကိုဇော်မော်တော ဖြစ်ပါတယ်။
ဩဂုတ်လ ၁၀ ရက်မှာ သူ့နေအိမ်ကနေ စစ်ကောင်စီအဖွဲ့က ခလရ ၇၃ ထဲဖမ်းသွားပြီးနောက် ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ကင်မွန်းခြုံကျေးရွာ ဘုန်းကြီးကျောင်းအနီးက ဆန်စက်အရှေ့မှာ လာပစ်သွားတာလို့ ဆိုပါတယ်။
"အမှန်က အလောင်းကို တည်ကြက်လုပ်ထားတာ။ အဲနေ့က အလောင်းလာကောက်တဲ့ ရွာခံအချို့နဲ့ PDF အချို့ကို စကစဘက် ဝိုင်းပစ်သေးတာ။ ကံကောင်းပြီးမထိခိုက်ကြဘဲ ပြန််ဆုတ်လာလို့ရတာ။ "လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ဩဂုတ်လ ၁၁ ရက်မှာ အလောင်းလာကောက်တဲ့အဖွဲ့တွေကို စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေကပဲ အလောင်းကို ရွှေကျင်စုရွာဘက် သယ်သွားတာကြောင့် ဩဂုတ်လ ၁၃ ရက် ဒီမနက်ပိုင်းထိအလောင်းပြန်မရသေးဘူးလို့ ဆိုပါတယ်။
ကိုပါးနီ (ခ) ကိုဇော်မော်တောကို စစ်ကောင်စီအဖွဲ့က PDF တွေနဲ့ပတ်သက်ပြီး ထောက်ပို့လုပ်နေတယ်ဆိုတဲ့စွတ်စွဲချက်နဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။
အလောင်းကို ဒေသခံတွေ တွေ့ရချိန်မှာ ရင်ဘတ်နဲ့ပါးစပ်တွေမှာ သွေးထွက်နေတဲ့ပုံစံအနေအထားနဲ့ သေဆုံးနေတာလို့သိရကြောင်း အထက်ပါ ဒေသခံအမျိုးသမီးတဦးကပြောပြပါတယ်။
ဒါ့အပြင်စစ်ကောင်စီအဖွဲ့ဟာ ကျေးရွာမှာအိမ်စောင့်အနေနဲ့ကျန်နေတဲ့ ဒေသခံအမျိုးသား ၃ ဦးကိုလည်းဖမ်းဆီးထားပြီး သူတို့နဲ့ပတ်သက်တဲ့အခြေနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
ကင်မွန်းခြုံကျေးရွာအနီးနဲ့ ခလရ ၇၃ အနီးမှာ ဩဂုတ်လ ၉ ရက်ကစပြီး တိုက်ပွဲတွေဖြစ်နေလို့ ကင်မွန်းခြုံ၊ ဒိုးတန်း၊ ရွှေပုဂံ၊ ပုဂံကွဲ၊ ဒါးဒေါက်အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၄၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ထန်းတပင် #စစ်ကောင်စီ #သတ်ဖြတ် #ဒေသခံ
Share Share Share