ကင်းစောင့်နေတဲ့စစ်သားကို PDF က သေနတ်ထောက်ဖမ်းခေါ်ပြီး လက်နက်တွေပါသိမ်းဆည်းနိုင်

ကင်းစောင့်နေတဲ့စစ်သားကို PDF က သေနတ်ထောက်ဖမ်းခေါ်ပြီး လက်နက်တွေပါသိမ်းဆည်းနိုင်

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၈ သုခဝတီရပ်ကွက်၊ ကပ်ကျော်ကျောင်းမှာ ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်သားတဦးကို သေနတ်နဲ့ထောက်ပြီးဖမ်း‌ခေါ်ခဲ့တာလို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။

စက်တင်ဘာ ၂၅ ရက် ည ၉ နာရီခွဲလောက်က ကာကွယ်ရေးရဲဘော်တွေ ကင်းပတ်ချိန်မှာ တွေ့ရှိပြီးနောက် ဖမ်းခေါ်လာနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

“ရန်သူ့စခန်းအနားကိုရောက်တဲ့အချိန် ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်သားတဦးကို သေနတ်နဲ့ထောက်ပြီး ဖမ်းခေါ်ခဲ့တာ။ ကျနော်တို့ ဖမ်းဆီးတဲ့အချိန် ပြန်လည်ခုခံခြင်းမရှိလို့ ဖမ်းဆီးနိုင်ခဲ့တာ။" လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

သူနဲ့အတူ MA 1 ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည် ၃၀ တောင့်ကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး ဖမ်းဆီးခံ စစ်ကောင်စီတပ်သားရဲ့ အချက်အလက်တွေကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

“လောလောဆယ်တော့ ဖမ်းဆီးမိတဲ့ စစ်ကောင်စီတပ်သားကို စစ်ဆေးမေးမြန်းတုန်းပါ။ သူက တပ်သားတော့မဟုတ်ဘူး၊ တပ်ကြပ်လား၊ ဒုတပ်ကြပ်လား၊ တပ်ကြပ်ကြီးလား မသိရသေးပါဘူး။ အဲ့ဒီအဆင့်ထဲက ဖြစ်ဖို့များမယ်။”လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

သူ့ကိုစစ်သုံ့ပန်းဥပဒေနဲ့ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးပြီးပါက ပြစ်မှုအပေါ်မူတည်ပြီး ထိရောက်တဲ့ ပြစ်ဒဏ်ကို ချမှတ်သွားမယ်လို့လည်း ဆိုပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10