ကင်းပတ်နေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့ ‌၃ ဦးသေဆုံး၊ လက်နက်တွေပါ သိမ်းနိုင်ခဲ့

ကင်းပတ်နေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့ ‌၃ ဦးသေဆုံး၊ လက်နက်တွေပါ သိမ်းနိုင်ခဲ့

မကွေးတိုင်း၊ မြိုင်မြို့၊ မြို့ပတ်လမ်းမှာ ကင်းပတ်နေတဲ့ ဆိုင်ကယ် ၂ စီးနဲ့ စစ်သား ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးစလုံး သေဆုံးခဲ့ပြီး လက်နက်တွေလည်း သိမ်းနိုင်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ဆီက သိရပါတယ်။

ဩဂုတ် ၁၂ ရက် ည ၉ နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်ပြီးနောက်မှာ အလောင်းနဲ့ ဆိုင်ကယ်တွေကို နေရာမှာတင် ထားခဲ့ကာ လက်နက်တွေကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။ 

"ကျနော်တို့ရဲဘော်တွေဟာ ကင်းပုန်းဝပ်ပြီးတော့ ပစ်ခတ်တိုက်ခိုက် သုတ်တင်ရှင်းလင်းနိုင်ခဲ့တာ" လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ဥက္ကဌ ဦးအောင်ဇေယျက အတည်ပြု ပြောပါတယ်။

MA 1 ၁ လက်၊ MA 4 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ဓါးမြှောင် ၁ လက်နဲ့  လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဥက္ကဌ ဦးအောင်ဇေယျက ပြောပါတယ်။

တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့  မြိုင်မြို့ပေါ်မှာ စစ်သား၊ ရဲနဲ့ ပျူစောထီး စုပေါင်းအင်အား ၈၀ လောက်က မြို့လုံခြုံရေးလုပ်နေပြီး သရက်ကွရွာ၊ ကန်နီရွာတို့က ပျူစောထီးတွေလည်း မြိုင်မြို့ပေါ်မှာ အင်အားဖြည့်နေရတယ်လို့ သိရပါတယ်။

ပုံစာ - သိမ်းဆည်းရမိသည့် လက်နက်အချို့။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး #သတင်း #MVRF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10