သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး မြောက်ရှားတောရွာမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေက အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆင်ဖြူကျွန်းမြို့ခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် ဒီနေ့လယ် ၁၁ နာရီ ၄၀ မိနစ်လောက်က မြောက်ရှားတောရွာနေ အသက် ၄၃ နှစ်အရွယ်မရွှေစင်ဟာ ရွာထဲမှာဖုန်းပြောရင်းလမ်းလျှောက်လာချိန် ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့တွေ့ပြီး အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။
“စစ်ကောင်စီက ၆ ဦး ပတ်ကင်းလှည့်ရင်းနဲ့ သူတို့ရှေ့မှာ ဖုန်းပြောလို့ဆိုပြီး ခေါ်သွားတာ။ ဘာကြောင့်လဲတော့ မသိဘူး။ ကျနော်တို့ကနဦးသိရတာက စလင်းကို ခေါ်ဆောင်သွားတယ်လို့ သိရတယ်။”လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူအမျိုးသမီးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
မြောက်ရှားတောကျေးရွာဟာ ဆင်ဖြူကျွန်းမြို့မြောက်ဘက် ကပ်လျက်မှာရှိပြီး အဲ့ဒီရွာအတွင်းကို စစ်ကောင်စီတပ်သားတွေက ကင်းပတ်လေ့မရှိဘဲ ဒီနေ့မှ ကင်းပတ်လာကြတာလို့ သိရပါတယ်။
နိုဝင်ဘာ ၁၅ ရက်က ဆင်ဖြူကျွန်းမြို့ပေါ် တိုက်ပွဲဖြစ်ပြီးနောက် နတ်စင်တံတားထိပ် ခလရ ၂၅၄ တပ်က စစ်ကောင်စီအင်အား ၂၀ ဦး၊ နွယ်တမယ်မူလတန်းကျောင်းရှေ့ ၃၀ ဦးနဲ့ သစ္စာမြိုင်ကွက်သစ် ဝါဂိုဒေါင်မှာ ၁၃ ဦးစီနဲ့ စစ်ကောင်စီဘက်က အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း ဆင်ဖြူကျွန်းမြို့၊ ရွာသာကုန်းရွာက အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်သားတွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဆင်ဖြူကျွန်း #အမျိုးသမီး #ဖမ်းဆီးခံရ
Share Share Share