ကင်းပတ်နေတဲ့ ရဲဒုတပ်ကြပ်နဲ့ ရဲတပ်သား ၂ ဦးကို အရှင်ဖမ်းမိ

ကင်းပတ်နေတဲ့ ရဲဒုတပ်ကြပ်နဲ့ ရဲတပ်သား ၂ ဦးကို အရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အစပ်၊ ညောင်ဂျစ်ပင်ကျေးရွာအနီးမှာ ကင်းပတ်ရင်းမျက်စိလည်လာတဲ့ ရဲဒုတပ်ကြပ် ၁ ဦးနဲ့ ရဲတပ်သား ၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

သရက်မြို့မရဲစခန်းက ရဲဒုတပ်ကြပ် ဝေလွင်ထွန်း၊ ရဲတပ်သား ဟိန်းထက်အောင် နဲ့ မင်းလှမြို့မ ရဲစခန်းက ရဲတပ်သား အောင်လင်းထွန်းတို့ ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ကို ဒီဇင်ဘာ ၂၄ ရက် ညနေ ၃ နာရီလောက်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ 

“ဒီကောင်တွေက ညပိုင်းမှာ ကင်းကျနေတာ၊ လက်နက်တော့ ပေးမထားဘူး၊ အပြင်ထွက်တဲ့အချိန်မှာ ကျနော်တို့ ကာကွယ်ရေးရဲဘော်တွေနဲ့ အနီးကပ်တွေ့ပြီး ဖမ်းဆီးစစ်ဆေးတော့ ရဲ ၃ ဦးဖြစ်နေတာ” လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လက်ယာက ပြောပါတယ်။ 

သူတို့ဟာ မကွေးတိုင်းရဲတိုင်းရုံးကနေတဆင့် ပခုက္ကူတပ်မ ၁၀၁ မှာ သင်တန်းတက်ရမယ်ဆိုပြီး လိမ်ညာအခေါ်ခံရကာ ရောက်တဲ့အခါမှာ သင်တန်းမတက်ရဘဲ စစ်ကြောင်းထိုး ကင်းပတ်တာတွေကိုပဲ လုပ်နေရတာလို့ ဖမ်းဆီးခံရဲတပ်ဖွဲ့ဝင်တွေက ထွက်ဆိုထားတယ်လို့ သိရပါတယ်။ 

ဒီဖမ်းဆီးမှုကို မြိုင်ပကဖနဲ့ PDF Kamma (ကမ္မတပ်ပေါင်းစု)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သူတို့ ၃ ဦးကို စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #ရဲတပ်ဖွဲ့ဝင် #အရှင်ဖမ်းမိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10