ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး သေနတ် ၂ လက်ရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမ ရေစက်ကထွက်လာတဲ့ စစ်အုပ်စုကို ယနေ့ မတ် ၂၀ ရက် နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာ ကင်းပုန်းဝပ်တိုက်ခိုက်ခံရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။

ကိုင်းတောမရေစက်ကနေ အင်အား ၁၂ ဦးလောက်နဲ့ ထွက်လာတာကို ကိုင်းတောမတိုက်နယ်ဆေးရုံးရှေ့မှာ ကင်းပုန်းဝပ်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ မီတာ ၃၀ ခန့်အကွာကနေ ၁၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့တာလို့ Earthquake People Defence Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအရှည်ကြီးက ပြောပါတယ်။

အဲ့ဒီကိုင်းတောမရေစက်မှာနေတာက မြိုင်မြို့နယ် စက်မှု ၂ က စစ်သားတွေဖြစ်နိုင်ပြီး ပစ်ခတ်ပြီးနောက်ပိုင်း ပြည်သူတွေရှိတဲ့ရွာဘက်ကို လက်နက်ကြီးတွေနဲ့ လျှောက်ပစ်တယ်လို့ ကိုအရှည်ကြီး က ဆက်ပြောပါတယ်။

ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဘက်က MA1 သေနတ် ၁ လက် ၊ MA3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၆ ခု ၊ ကျည်ဆန် ၁၂၀ တောင့်၊ ဘေးလွယ်အိတ် ၁ လုံးနဲ့ ဖုန်း ၂ လုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ မြိုင်ပကဖ အဖွဲ့ဝင်ဖြစ်တဲ့ တပ်ရင်း ၁၊ တပ်ခွဲ ၄ ( စက်ြာ)၊ ဝံပုလေပြောက်ကျားတပ်ဖွဲ့ ၊ မဟာမိတ်တပ်ပေါင်းစု (MUGDF၊  James Bond၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့)၊ ကင်ဒိုတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၂၊ ၆၊ ၇)၊ မြိုင် ပကဖ IO အဖွဲ့၊ Pakokku People's Defense Force၊ Young Force UG နဲ့  Earthquake People's Defence Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #ကင်းပုန်းဝပ် #စစ်အုပ်စု #တိုက်ခိုက်ခံရ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10